0 comment(s) | | |
|
| | Send |
CEC, ANC
9/3/2009
သို့/
ညီညီထွေး
နယ်သာလန်နိုင်ငံ။
ရက်စွဲ။ ၃။ ၀၉။ ၀၉။
အကြောင်းအရာ။ ။ ကိုညီညီထွေး ပီးပို့သော ရခိုင်ပြည်အမျိုးသားကောင်စီကွန်ဖရင့်ဖြစ် မြောက်ရေးကော်မတီဆိုသည့်တရားမ၀င်လူတစု၏ ၂၀၀၉-ခု စက် တင်္ဘလာ (၁)ရက် မနေ့က ရက်စွဲဖြင့် “ညီလာခံ ကိုယ်စားလှယ် ဖိတ်ကြားခြင်းနှင့် ပတ်သက်၍ထုတ်ပြန်ကျေညာချက်” အပေါ့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)သဘောထား ပေးပို့ခြင်း။
ကိုညီညီထွေး၊
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကိုညီညီထွေး အနေဖြင့် ဤထုတ်ပြန် ချက်ကို ကျွန်တော် တို့ ANC ဗဟိုသို့ လိပ်မူပြီး မည်သူက တာဝန်ပေး၍ ပေးပို့သနည်း။ မိမိ ကိုယ်တိုင် အထက်ဖေါ်ပြပါ ညီလာခံ ဖြစ်မြောက်ကော်မတီဆိုသော လူတစုဖွဲ့စည်း ထားသော တရားမ၀င်အဖွဲ့တွင် ပါဝင်နေပါက မည်သည့်အတွက် ကြောင်း တရာဝင်မှု မရှိသည်ကို အောက်ပါအတိုင်းရှင်းလင်းပြီး ကျွန်ုပ်တို့ ANC ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ သဘောထားကို ပေးပို့လိုက်သည်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သီးခြားသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မရှိစေကာ မူ စနစ်တကျ ဖွဲ့စည်းထားသော မည်သည့်အဖွဲ့အစည်းမဆို ယင်းအဖွဲ့အစည်း၏ အမြင့်ဆုံး ကော်မတီမှ ဆုံးဖြတ်ချက်သည် ယင်းအဖွဲ့အစည်း၏ လတ်တလော လိုက်နာရမည့် လုပ်ငန်း လမ်းညွှန် ဖြစ်ပေသည်။
မိမိကိုယ်တိုင် ယင်းဆုံးဖြတ်ချက်ကို သဘောမတူခဲ့သည့်တိုင်အောင် အများစု၏ ဆုံးဖြတ် ချက်ကို အနည်းစုက လိုက်နာအကောင်အထည်ဖေါ်ပေးရသည်။ ဤသည် အဖွဲ့အစည်းတိုင်း လိုက်နာရမည့် ဒီမိုကရေစီ ကျင့်စဉ်လည်း ဖြစ်ပေသည်။
တနည်းအားဖြင့် စုပေါင်းခေါင်းဆောင်မှုနှင့် တဦးချင်းတာဝန်ယူသည့် အဖွဲ့အစည်းတိုင်း၏ ဒီမိုကရေစီကျင့်စဉ် (သို့မဟုတ်) ဥပဒေသ(Democratic Principles)လည်း ဖြစ်ပေသည်။ အများသဘောတူ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်တခုကို တဦးတယောက်က သူမကြိုက် လျှင် ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုပိုင်ခွင့်ရှိပေသည်။ ပထမ ဆုံးဖြတ်ချက်ကို ချမှတ် ခဲ့သည့် ကော်မတီအောက်အဆင့်မနိမ့်သော စုံညီကော်မတီတရပ်ကသာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြုပြင်ရန် ဆုံးဖြတ်နိုင်ပေသည်။ ဤသည် စာဖြင့်ရေးသား ဖေါ်ပြမထားသော အဖွဲ့အစည်းဆိုင်ရာ နှုန်းစံ(Unwritten Norms and Standards of every political or social organization)သတ်မှတ်ချက်များ ဖြစ်ပေသည်။
ဤသည်ကို ကိုညီညီထွေးကျွန်တော်တို့ထက် ပိုသိပေလိမ္မည် ဖြစ်ပေသည်။ မိမိ အတ္တ အတွက် ယင်းနှုန်းစံသတ်မှတ်ချက်များကို လိုက်နာရန်သိသိနှင့် ပျက်ကွက်သူများကို ထိုက်တန်သော အရေးယူ အပြစ်ပေး မှုများကို လုပ်ရန့်မလွှဲမရှောင်သာ လိုအပ်လာပါသည်။ ထိုသူများ ကျူးလွန်သော အပြစ်အကြီး၊ အသေးကိုကြည့်၍ အပြစ်ကြီးလျှင်ကြီးသည့် အလျှောက် အပြစ်ငယ်လျှင် ငယ်သည့်အလျှောက် အရေးယူ အပြစ်ပေးရသည့် ဥပဒေသ (Principles)များလည်း ရှိပေသည်။
ကျွန်တော်တို့ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)သည် ယင်းနှုန်းစံ သတ်မှတ်ချက်များ။ ဥပဒေသများနှင့်အညီ မိမိတို့နိုင်ငံရေးလမ်းစဉ်ကို ဆက်လက်စွဲကိုင်ပြီး ANC ကို ကာကွယ်ရန် တာဝန်သိ မျိုးချစ်ပြည်သူများနှင့် လက်တွဲပြီး သတ္တိရှိရှိ တိုက်ပွဲဝင်လျှက် ရှိပေသည်။ ရခိုင်ပြည်အမျိုးသားကောင်စိသည် ပြည်သူ့စွမ်းအားကို ယုံကြည်သည်ဖြစ်၍ ANCကို ဖျက်ဆီးမည့် ရန်သူအားလုံးကို ပြည်သူများနှင့် လက်တွဲပြီးပြည်သူ့စွမ်းအားဖြင့် တွန်းလှန် ဖြိုဖျက်သွားမည် ဖြစ်ပေသည်။
အထက်ပါအကြောင်းအရာတွင် ကျွန်တော်တို့ ရခိုင်ပြည်အမျိုးသားကောင်စီမှ ယခုလက်ရှိ ရခိုင်ပြည်အမျိုးသား ကောင်စီ ကွန်ဖရင့်ကျင်းပရေးကော်မတီဆိုသည်ကို တရားဝင် မဟုတ်ဟု သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်းကျွန်တော်တို့ ရခိုင်ပြည်အမျိုးသားကောင်စီ ၏ သဘောထားကိုဦးစွာရှင်လင်း လိုပေသည်။
၂။ ယခုနှစ်ဇွန်လတွင် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ ANC-CC အစည်းအဝေးဆိုသည်ကို ညီညီလွင်၏ တာဝန်ပေး၊ငွေကြေးထောက်ပံ့မှုဖြင့်ကျင်းပခဲ့သည့် ဦးသိန်းဖေသည် လည်ကောင်း၊ ဦးမောင်လူကြီးသည် လည်းကောင်း ANC၌ တရားဝင်မှုတစုံတရာရှိသည်ကို မတွေ့ရပေ။ ယင်းပုဂ္ဂိုလ်(၂)ဦးအား ANCမှ ယင်းတို့၏ မိခင်ပါတီDPA သို့ ပြန်ပို့ထားမှုကို အောက်တွင် တိုရှင်းလိုရင်း ရှင်းလင်းထားပေသည်။
ညီညီလွင်၏ လုပ်ရပ်အာလုံးသည်လည်း ANC နှင့်လုံးဝ မသက်ဆိုင်သည်ကိုပါ ဆက်လက်ရှင်လင်း ထားပေသည်။
၂။ ဦးသိန်းဖေ(ယခင်DPA ဥက္ကဌဟောင်းနှင့် ANC အလှည့်ကျသဘာပတိဟောင်း)နှင့် ဦးမောင်လူကြီး (ယခင်DPA အထွေထွေအတွင်းရေးမှူးဟောင်းနှင့် ANC တွဲဖက်အတွင်းရေး မှူးဟောင်း) နှစ်ဦးတို့ ကျူးလွန်သောပြစ်မှုတို့သည် ANCဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)ပုဒ်မ(၂)ပါ ANC၏နိုင်ငံရေး ရည်ရွယ် ချက်များကိုလည်းကောင်း။ အခန်း(၁၀)ပုဒ်မ (၃၈)ပုဒ်မခွဲ(၁)ပါပြဌာန်းချက်များကိုလည်းကောင်း
ဖေါက်ဖျက်ခဲ့ ကြောင်း အောက်ပါ၎င်းတို့ (၂)ဦး၏ လုပ်ရပ်များက အထင်အရှားပြသခဲ့ကြောင်း တွေ့ရှိရသည်။
ဦးသိန်းဖေကျူးလွန်သော ပြစ်မှုများမှာ (က)။၂၀၀၈-ခုမတ်လ(၁၀ မှ ၁၇)ရက် အတွင်း ထိုင်းနိုင်ငံချင်မိုင်မြို့တွင် ကျင်းပခဲ့သော ANC-CC Emergency အစည်းအဝေး၏ ဆုံးဖြတ် ချက်များအနက် ညီလာခံဖြစ်မြောက်ရေး ကော်မတီဆိုင်ရာ ပထမနေ့ဆုံးဖြတ်ချက် အမှတ် (၄)ကို လည်းကောင်း။”
(ခ) “ANCသဘာပတိ ဦးသိန်းဖေ၏ တင်ပြချက်အရ ဦးညီညီလွင်သည် ANCနှင့် တစုံတရာ ပတ်သက်မှုမရှိသဖြင့် သူ၏လုပ်ဆောင်မှု အားလုံးသည်လည်း ANCနှင့်လုံးဝ မပတ်သက် ကြောင်း”ဆိုသည့် ဥပဒေ၏ တရားကိုယ်သဘော{Concept of Law} အရ ဆုံးဖြတ်ချက် ကဲ့သို့ လိုက်နာရမည့် ဒုတိယနေ့ မှတ်တမ်းဆုံးဖြတ်ချက်အမှတ်(၉)ကို လည်းကောင်း။
(ဂ) “ANC ဗဟိုရုံးနှင့် ဌာနခွဲရုံးအသီးသီး လည်ပတ်ရေးဆိုင်ရာ ဒုတိယနေ့ဆုံဖြတ်ချက် အမှတ်(၁၆)ကို လည်းကောင်း မိမိကိုယ်တိုင် သဘာပတိအဖြစ် အတည်ပြုလက်မှတ်ရေးထိုး ခဲ့သည့် ဆုံးဖြတ်ချက်များကို မလေးရှားအရောက်ANCနှင့် မသက်ဆိုင်တော့ပါဆိုသည့် ညီညီလွင်၏ အမိန့်ပေးညွှန်ကြားချက်အရ NRP မှ ပေးရန်သဘောတူထားသော ဘဏ္ဍာငွေများကို ပိတ်ဆို့ခြင်းဖြင့် ချိုးဖေါက်ကြောင်းတွေ့
ရှိရပါသည်။ ယင်းသို့ ချိုးဖေါက်သည့် အတွက် ဖြစ်ပေါ်လာသော ဆိုးကျိုးများမှာ အောက်ပါတို့ဖြစ်သည်ကို တွေ့ရှိရပေသည်။
A) ANC -Deformed ဖြစ်လုနီးပါး အခြေအနေထိ ဆိုက်ရောက်ခဲ့ရခြင်း။
မှတ်ချက်။ သို့သော်လည်း ကျန်ANCခေါင်းဆောင်များက မူအပေါ်မှာ ခိုင်မာစွာရပ်တည်ပြီး ANC –Deformed ဖြစ်မှုမှ ကာကွယ်နိုင်ခဲ့ခြင်း။
B) ရုံးလည်ပတ်ရန် အလွန်ခက်ခဲ ခဲ့၍ ထိုင်းANC ရုံးကို လက်ရှိအချိန်ထိ ပိတ်ထားရဆဲ ဖြစ်ခြင်း။
C) ယင်းအချိန်ကစပြီးလျှင် ANCအတွင်းမှာလည်း ညီညွတ်ရေး ပိုမိုပြိုကွဲလာခဲ့ခြင်း။
D) ANCအတွင်းညီညွတ်ရေးပြိုကွဲခြင်းသည် ရခိုင်ပြည်သူများအတွင်း ညီညွတ်ရေးပြိုကွဲခြင်း ဖြစ်ခြင်း။
ဦးသိန်းဖေ၏ လုပ်ဆောင်ချက်သည် အထက်ဖေါ်ပြပါ ဖွဲ့စည်ဲးပုံအခြေခံဥပဒေအရ အပြစ်ပေး ရမည့်ပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်၍ ယင်းအားANC သဘာပတိအဖွဲ့ဝင်ဟောင်းဦးပဒီးဖြူ က အစည်းအဝေး သဘာပတိ အဖြစ်ကြီးကြပ်သော ၂၀၀၈-ခု အောက်တိုဘာလ(၃၀)နေ့၊ ရက်စွဲဖြင့်ပြုလုပ်သည့် ANC-CC အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အမှတ်(၉)အရ ANC ဗဟိုရုံး၊ ရုံးအမိန့်အမှတ် ၁/၂၀၀၈ ဖြင့် ANC အလှည့်ကျသဘာပတိ အဖြစ်မှ ရပ်ဆိုင်းပြီး မိခင်ပါတီသို့ ပြန်ပို့ခဲ့ရသည်။ အခြားတဖက်တွင်လည်း ဦးသိန်းဖေကို မိခင်ပါတီမှ ယင်း၏ ၁၉-၁၁-၂၀၀၈ နေ့၊ ရက်စွဲပါ ထုတ်ပြန်ကျေညာချက် အမှတ် ၉/၂၀၀၈ အရ ဥက္ကဌအဖြစ်မှ နာယက (သို့မဟုတ်) အကြံပေး အဖြစ်တာဝန်ပေးထားကြောင်း သိရှိရပေသည်။ ANC၏ အသုံးပြုဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၄)ပုဒ်မ (၁၀)တွင် သဘာပတိအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး
အောက်ပါအတိုင်း စနစ်တကျ ပြဌာန်းထားသည်ကို တွေ့ရမည် ဖြစ်ပေသည်။ “သဘာပတိအဖွဲ့ကို နိုင်ငံရေးပါတီလေးခုဖြစ်သော (ALD/ALP/ DPA/ NUPA)တို့မှ ဥက္ကဌများဖြင့် ဖွဲ့စည်းရမည်”။ ဖေါ်ပြပါဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄)၊ ပုဒ်မ(၁၀)ပါ ပြဌာန်းချက်အရ ပြစ်မှုဖြင့်မိခင်ပါတီသို့ ပြန်ပို့ခံထားသည့် ဦးသိန်းဖေသည် ANC နှင့် ဤပုဂ္ဂိုလ်အကြား မည်သို့မှ
တရားဝင်ပတ်သက်ဆက်နွယ်မှုမရှိသည်မှာထင်ရှား ပေသည်။သို့ မဟုတ်ဦးသိန်းဖေသည်ANCတွင်ဥပဒေအရ လုံးဝတရားဝင်မှုမရှိကြောင်းရှင်းလင်း ပြောကြားခြင်းဖြစ် ပေသည်။
၃။ ဦးမောင်လူကြီး ကျူးလွန်သည့်ပြစ်မှုများ။
(A) ဦးမောင်လူကြီးသည် ANCတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၂၀၀၇-ခုစက်တင်္ဘလ ပထမပတ်တွင် ကျင်းပခဲ့သည့် ANC မျက်နှာစုံညီအစည်းအဝေးဆုံး ဖြတ်ချက်များကို “သူမလိုသည်ကို ဆုံးဖြတ်ချက်မှတ်တမ်းတွင် မထည့်ပဲ ဆုံးဖြတ်ချက်တွင် မပါသော်လည်း သူဖြစ်စေ ချင်သည်များကို ဆုံးဖြတ်ချက်မှတ်တမ်းတွင် ထည့်ထားခဲ့မှု”များနှင့် ပတ်သက်ပြီး သဘာပတိအဖွဲ့ဝင်
ဦးပဒီးဖြူ ဦးဆောင်သော ဘင်္ဂလားဒေ့ခ်ျမှANC ကိုယ်စား လှယ်အဖွဲ့ မကျေနပ်၍ တင်ပြခဲ့သည်ကို ပြုပြင်ပေးရန် ၂၀၀၈-ခုမတ်လ ၁၀-၁၇ ရက်အတွင်း ကျင်းပခဲ့သည့် ANC-CC အရေးပေါ်အစည်းအဝေး ပထမနေ့ဆုံးဖြတ်ချက် အမှတ်(၁)ကို လိုက်နာရန် ပျက်ကွက်ခြင်း။
(B) အထွေထွေအတွင်ရေးမှူး မဟုတ်ပဲ အထွေထွေအတွင်းရေးမှူးတဦးကဲ့သို အတွင်းရေးမှူးလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမှု။ (Power abuse)။
(C) မိမိတာဝန်ကိုထမ်းဆောင်ရန် ဌာနချုပ်ရုံးသို့ ရောက်ရှိလာသော ANC အထွေထွေ အတွင်းရေးမှူးအား မချေမငံဆက်ဆံခြင်းဖြင့် ဌာနချုပ်ရုံးတွင် တာဝန်မထမ်းဆောင်နိုင်အောင် တမင်တကာ ပြုလုပ်ဆောင် ရွက်ခြင်း။(High -Jack)
(D) မိမိနှင့်မဆိုင်သည့် ENC သို့ ကိုယ်စားလှယ်စေလွှတ်သည့် အပိုင်းတွင် မဟာမိတ် ကျင့်ဝတ်ကိုမလိုက်နာပဲ ANC နှစ်ခြမ်းကွဲလေဟန်ပုံစံမျိုးဖြင့် မဟာမိတ်များ ANC ကို ယင်းသို့ အထင်ရောက်စေရန် ENC သို့ အားမနာပ တာဝန်မဲ့ ရုံးစာရေးသားပေးပို့ခြင်း။
(E) အထွေထွေအတွင်းရေးမှူးအား ဌာနချုပ်ဟောင်း Email Password မပေးပဲထားခြင်းဖြင့် ANC ကို DPA ၏ ANC ဖြစ်အောင် မသမာသော အောက်လမ်းနည်းဖြင့် အပိုင်စီးရန် ကြိုးစားခြင်း။
(F) ရုံးဝန်ထမ်းများ၏ အကူအညီဖြင့် အထွေထွေအတွင်းရေးမှူး၏ လက်မှတ်ကို ကွန်ပြူတာနည်းဖြင့် အတု ခိုးထိုးပြီး ၂၀၀၇-ခု စက်တင်္ဘာလတွင် ကျင်းပမည့် အစည်းအဝေးအတွင်း အတွင်းရေးမှူးကိုယ်စား ယင်းအစည်း အဝေးကို ကြီးကြပ်ရန်ခေတ္တ လွှဲအပ်ခဲ့သည့်စာတွင် သူလိုသလိုရေးပြီး အထွေထွေအတွင်းရေးမှူး အာဏာကို မတရားသောနည်းဖြင့် ရယူကာ ANCကို ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခဲ့ခြင်း။ စသည်စသည်တို့သည် ANCအတွင်း ဦးမောင်လူကြီး အနေဖြင့် ကြံရွယ်ချက် ရှိရှိကျူးလွန်ခဲ့သည့်ဖြစ်မှုများ ဖြစ်နေသည်ကို တွေ့ရ ပေသည်။
ဦးမောင်လူကြီးကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ-
(က) ANCဗဟိုကောင်စီဝင်များအတွင်း ညီညွတ်မှုပြိုကွဲလာရခြင်း။
(ခ) ANCကို ထောက်ခံသည့် ပြည်သူများ မဟာမိတ်များအကြား ANC ကို အထင်အမြင် သေးလာရုံတင်မက ပြည်ပရောက်ရခိုင်ပြည်သူများအကြား ညီညွတ်မှု ပြိုကွဲသွားရခြင်း။
(ဂ) နံပါဒ်(ခ)ပါ မဟာမိတ်များအကြား ANC ကို အထင်သေးမှုများ ဖြစ်ပေါ်လာသောကြောင့် ဒုတိယအကြိမ် ရခိုင်ပြည်အမျိုးသားညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးကို အကြီးအကျယ် ထိခိုက်လာစေခြင်း စသည်တို့ ဖြစ်ပေသည်။ ထို့ကြောင့် ANC သည် ဦးမောင်လူကြီးအား၂၀၀၈-ခု အောက်တိုဘာလ (၃၀)ရက်နေ့အစည်း အဝေးဆုံးဖြတ်ချက် အမှတ်(၉)အရပင်လျှင် နိုဝင်္ဘာလ (၁၂)ရက် နေ့စွဲပါ ရုံးအမိန့်အမှတ် ၂/၂၀၀၈ အရANCတွဲဖက်အတွင်းရေးမှူး တာဝန်မှ ရပ်ဆိုင်းပြီး မိခင်ပါတီသို့ ပြန်ပို့ခဲ့ရပေသည်။
ထို့ပြင် ထိုကဲ့သော မိခင်ပါတီသို့ ANC မှ ဦးမောင်လူကြီးအား ပြန်ပို့ပြီးနောက်ပိုင်း ၂၀၀၉ ခု၊ ဒီဇင်္ဘာလ ၁၉ ရက်နေ့စွဲဖြင့် DPA ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ANCသို့ ကိုယ်စားလှယ် ပေးပို့သည့်စာတွင် DPA ဗဟိုအလုပ် မှုဆောင်အဖွဲ့၏ တာဝန်ခံ ရာထူး(ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ကိုယ်စားလှယ်ပေးပို့ရန် အာဏာအပ်နှင်းခြင်းခံရသူ) အမည်နှင့် အဆင့်အတန်းကို ဖေါ်ပြထားသည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် ဦးမောင်လူကြီးအား ANCသို့ ကိုယ်စားလှယ်စေလွှတ်သည့် ဤစာသည် ANC ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၇) ပုဒ်မခွဲ (၅)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရပေသည်။ ထို့ကြောင့် ဤစာသည်လည်း ANCမှ တရားဝင်လက်ခံရန် မဖြစ်နိုင်သော ကိုယ်စားလှယ်လွှဲစာ ဖြစ်နေပြီး မျှောစာသဘော သက်ရောက်နေပေသည်။ ထို့ကြောင့် ဦးမောင်လူကြီးသည်လည်း DPAမှ ANCသို့ စေလွှတ်သည့် တရားဝင် ကိုယ်စားလှယ်မဟုတ်ပေ။
၎။ ညီညီလွင်၏ ANCတွင် တရားဝင်မှု မရှိခြင်းနှင့် ပတ်သက်၍ ဥပဒေကဲ့သို့ လိုက်နာရမည့် အချက်တချက်ကို မလွဲမချောင်သာ ထောက်ပြရမည် ဖြစ်ပါသည်။ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)သည် ၂၀၀၇ ခု၊ စက်တင်္ဘာ လဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဗဟိုဌာနချုပ် ရုံးဟောင်း၌ ကျင်းပခဲ့သည့် ANC ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြုပြင်နိုင်ရန် မျက်နှာစုံညီ အစည်းအဝေးကို လွှမ်းမိုးသည့် ANCဗဟို ကော်မတီ အရေးပေါ်အစည်းအဝေး တရပ်ကို NRP၏ ကမကထ ပြုမှုဖြင့် ၂၀၀၈ ခု၊ မတ်လ ၁၀ မှ ၁၇ ရက်အတွင်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစည်း အဝေး၏ ဒုတိယနေ့ ဆုံးဖြတ်ချက် အမှတ်(၉)တွင် (ANC သဘာပတိ၏ တင်ပြချက်အရ ဦးညီညီလွင်သည် ANCနှင့် တစုံတရာပတ်သက်မှု မရှိသဖြင့် သူ၏လုပ်ဆောင်မှုများ သည်လည်း ANCနှင့် လုံးဝမပတ်သက်ကြောင်း မှတ်တမ်းတင်သည်။) ဟူ၍ ဖေါ်ပြပါရှိသည်ကို တွေ့ရပေသည်။ ထို့ကြောင်း ကျွန်တော်တို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေဖြင့် ANCနှင့် ပတ်သက်သော ညီညီလွင်၏ မည်သည့်လုပ် ဆောင်ချက်ကိုမဆို အသိအမှတ်ပြုသည်နှင့် တပြိုင်နက် မိမိတို့ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ကို မိမိတို့ ချိုးဖေါက်ရာရောက်မည်မှာ သေချာပေသည်။ ညီညီလွင်၏ယခုANCနှင့် ပတ်သက်သည့် လုပ်ရပ်များကို အသိအမှတ်ပြုသူ မည်သည့်အဆင့်ရှိ ဗဟိုကော်မတီဝင် မဆို အထက်ပါ ဆုံးဖြတ်ချက် အမှတ်(၉)ကို ချိုးဖေါက်ရာ ရောက်မည်အပြင် တရားဝင်မှုလည်း ရှိမည်မဟုတ်ပေ။
၅။ ဦးပဒီးဖြူနှင့် ဦးခိုင်ပန်းအောင် တို့ နှစ်ဦးသည် သက်ဆိုင်ရာ မိခင်ပါတီ၏ ရဲဘော်ထုများ ထုတ်ပြန်သော ၁၈၊ ၈၊ ၂၀၀၉ နေ့စွဲပါ စာအရသော်လည်းကောင်း၊ ယင်းပါတီ၏ ပါတီဝင် ရဲဘော်ထုခေါင်းဆောင်သော စတ္ထုတ အကြိမ်မြောက် ပါတီညီလာခံ၏ ၂၉၊ ၀၈၊ ၂၀၀၉ နေ့စွဲပါ ထုတ်ပြန်ကျေညာချက် စာအရသော်လည်းကောင်း ၎င်းတို့ နှစ်ဦးစလုံးသည် သက်ဆိုင်ရာ မိခင်ပါတီ NUPA၏ ဥက္ကဌနှင့် အတွင်းရေးမှူးများမဟုတ်ကြသည်ကို တွေ့ရှိရပေသည်။ ယင်းတို့သည် မိခင်ပါတီတွင် ဥက္ကဌနှင့် အတွင်းရေးမှူး တာဝန်ယူစဉ်က ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)တွင် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ဦးပဒီးဖြူသည် မိခင်ပါတီ၏ ရာထူးတာဝန်အရ ANC တွင် သဘာပတိအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၂၊ ၁၁၊ ၂၀၀၈ နေ့စွဲပါ ANC မှ ထုတ်ပြန်သော ဗဟိုရုံး ရုံးအမိန်းအမှတ် ၃/၂၀၀၈ အရ ဦးပဒီးဖြူသည် အလှည့်ကျသဘာပတိတာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြောင်း တွေ့ရှိရပေသည်။ ဦးပဒီးဖြူ သဘာပတိ အဖြစ်ဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၃၀၊ ၁၀၊ ၂၀၀၈ နေ့ ANC-CC အရေးပေါ် အစည်း အဝေးတွင် အစည်းအဝေး သဘာပတိအဖြစ် တာဝန်ထမ်းဆောင်စဉ် ANC ဗဟိုကောင်စီဝင် NUPA အထွေထွေအတွင်းရေးမှူး ဦးခိုင်ပန်းအောင်မှ မှတ်တမ်းတင်သူအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်ကို တွေ့ရှိရပေသည်။ ၎င်းတို့နှစ်ဦးသည် ယင်းတို့၏ ဖေါ်ပြပါ တာဝန်များအရ အစည်းအဝေး ဆုံးဖြတ်ချက်တွင် ဦးပဒီးဖြူမှ သဘာပတိအဖြစ် အတည်ပြုလက်မှတ်ရေးထိုးပြီး ဦးခိုင်ပန်းအောင်မှ မှတ်တမ်းတင်သူအဖြစ် လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရပေသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ယင်းအစည်းအဝေးဆုံးဖြတ်ချက် အမှတ် (၉)တွင် (ဦးသိန်းဖေနှင့် ဦးမောင်လူကြီးတို့ နှစ်ဦး ကျူးလွန်သော ပြစ်မှုများကို ဖေါ်ပြပြီး ၎င်းတို့နှစ်ဦးစလုံးအား ANC ၏ လက်ရှိတာဝန်အသီးသီးမှ ရပ်ဆိုင်းကာ မိခင်ပါတီသို့ ပြန်ပို့ရန် ဆုံးဖြတ်သည်။ ဤကိစ္စကို ANC အထွေထွေအတွင်းရေးမှူးမှ ဆောင်ရွက်ရန် ဗဟိုကော်မတီမှ အထွေထွေအတွင်းရေးမှူး အားတာဝန်ပေးသည်။) ဟူ၍ ဖေါ်ပြပါရှိသည်ကို တွေ့ရပေသည်။ ၂၀၀၈ ခု၊ မတ်လ ၁၀ မှ ၁၇ ရက်အတွင်း ကျင်းပခဲ့သော ANC-CC အရေးပေါ် အစည်းအဝေး ဒုတိယနေ့ အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၉)ကိုလည်းကောင်း၊ အထက်ဖေါ်ပြပါ ၂၀၀၈ ခု၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ကျင်းပသော ANC-CC အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်(၉) ကိုလည်းကောင်း ၎င်းတို့နှစ်ဦးစလုံး ကျူးလွန်ကြောင်း တွေ့ရှိရပေသည်။ ဦးပဒီးဖြူနှင့် ဦးခိုင်ပန်းအောင်တို့ နှစ်ဦးစလုံးသည် ANCနှင့် မပတ်သက်သော ညီညီလွင်၏ တရားမ၀င် ANC လုပ်ငန်းများကို ကမကထပြု အားတက်သရော အကောင်အထည်ဖေါ်နေခြင်းသည် ရခိုင်ပြည်သူများအတွင်း ANCကို အထင်အမြင်သေးလာစေခြင်း၊ ပြည်သူများအတွင်း ၀ိဝါဒများ ကွဲပြားလာစေခြင်းတို့သည် ANC ညီညွတ် ရေးကိုသာမက ပြည်သူများ၏ ညီညွတ်ရေးပါ တိုက်ရိုက်တမျိုး သွေဝိုက်၍တဖုံ ပြိုကွဲအောင် ဖန်တီးခြင်း ဖြစ်သည်ကို တွေ့ရပေသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် အောက်တိုဘာလ (၃၀)ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ANC မှ ထုတ်ပယ်ပြီးသော ဦးသိန်းဖေနှင့် ဦးမောင်လူကြီးတို့အား လုပ်ပိုင်ခွင့်မဲ့ အခွင့်အာဏာ ရှိလာသယောင်ယောင် ဆောင်ရွက်ခြင်းသည်လည်း ANC အတွင်း Deformed ဖြစ်လုနီးပါး အခြေ အနေကိုလည်းကောင်း၊ ဗဟိုကောင်စီဝင်များအတွင်း ပိုမိုညီညွတ်ပြိုကွဲစေသော ဖြစ်ရပ်များကို လည်းကောင်း၊ ပြည်သူများအတွင်း သဘောထားကွဲလွဲလာစေမှုကိုလည်းကောင်း ဆောင်ရွက်ခြင်း ဖြစ်သည်ကို အောက်ပါ အချက်များအရ သိရှိရပေသည်။
(၁)။ ၂၀၀၉ ခု၊ ဇွန်လ (၁၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ANC ဌာနချုပ် ရုံးဟောင်း၌ တရားမ၀င် ညီညီလွင်၏ အမိန်းပေးညွှန်ကြားချက်အရ ကျင်းပခဲ့သည့် တရားမ၀င် ANC အစည်းအဝေးဆိုသည်သို့ ANC၏ တာဝန်အရှိဆုံး အလှည့်ကျ သဘာပတိတဦး အနေဖြင့် ညီညီလွင်ထံမှ ငွေကြေးရလိုမှု တခုတည်းကိုကြည့်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အခြေစိုက်နေသော ANC အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုကောင်စီဝင်များအား တစုံတရာ အသိပေး အကြောင်းကြားခဲ့ခြင်းမရှိပဲ ခိုးကြောင်ခိုးဝှက် တက်ရောက်ခဲ့ခြင်း။
(၂)။ မိမိကိုယ်တိုင် ANCမှ တရားဝင် ဖယ်ထုတ်ထားသော ဦးသိန်းဖေနှင့် ဦးမောင်လူကြီးတို့ ကို တရားဝင်သူများအဖြစ် အသိအမှတ်ပြုလုပ်ဆောင်ခြင်း။
(၃)။ ထိုအစည်းအဝေးတွင် ညီလာခံ ကျင်းပရေးကော်မတီဆိုသည်ကို တရားမ၀င် ဖွဲ့စည်းရာ၌ အားပေးရုံ တင်မက မိမိကိုယ်တိုင် ပါဝင်ဦးဆောင်နေခြင်း။
(၄)။ ဦးခိုင်ပန်းအောင် အနေဖြင့်လည်း ယင်းကော်မတီဆိုသည်တွင် ကိုယ်တိုင်ပါဝင်ပြီး ယင်းညီလာခံ ဖြစ်မြောက်ရေးဆိုသည်ကို ညီညီလွင်၏ အမိန်းပေးညွှန်ကြားချက်ဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တစိုက်မတ်မတ် ဆောင်ရွက်နေခြင်း။ စသည်တို့သည် ၎င်းတို့ နှစ်ဦးစလုံး အနေဖြင့် မိခင်ပါတီ၏ ရာထူးတာဝန်များတွင် ရှိနေစဉ်တွင်ပင် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရပေသည်။ ၎င်းတို့ နှစ်ဦးစလုံး ကျူးလွန်သော ပြစ်မှုသည်လည်း ယခုလက်ရှိ ကျင့်သုံးနေသော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂)ပါ ANC၏ နိုင်ငံရေး ရည်ရွယ်ချက်များကို ဖေါက်ဖျက်ခြင်း၊ အခန်း (၁၀) ပုဒ်မ (၃၈) ပုဒ်မခွဲ(၁)ပါ ပြဌာန်းချက်များကို ဖေါက်ဖျက်ကျူးလွန်ခြင်းဖြစ်၍ ၎င်းတို့နှစ်ဦးစလုံး သည် ANCနှင့် မသက်ဆိုင်ကြောင်း ANC၏ ပြည်သူသို့ သတိပေးချက် အမှတ် (၂) ထုတ်ပြန်ကျေညာချက်တွင် လူသိရှင်ကြား အတိအလင်း ကျေညာထားပြီး ဖြစ်ပေသည်။
ထို့ကြောင်း ညီညီလွင် အမှုပြုသော တရားမ၀င်သူများ ပြုလုပ်ကျင်းပမည့် ညီလာခံသို့ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)မှ လုံးဝ တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ကို ညီညီထွေးမှတဆင့် အားလုံးသို့ အသိပေး အကြောင်းကြားအပ်ပေသည်။ ဤသည် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ သဘောထား ဖြစ်ပေသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
Title: ANC Statement released on 3rd September, 2009
Author: CEC, ANC
About Author:
Date: 9/3/2009
Page Hits: 384
Bookmark This Page: