Home »  Articles in Arakanese

Some Points to Compare Different Arakanese Pronunciations

Ashon Thuria
7/7/2007

 

 

အသျှင်သူရိယ

ရခိုင်ပိုင်စာရွီးကေ “ဟိ” နန့် ကင်းလွတ်လို့မရ။ “ချဇားရှီမှာ ဒါင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည် ဟိသည်”၊ “မြတ်သာထွန်း အခန်းထဲမှာဟိသည်”၊ “ဒေနိစားမီး ပွဲဟိ သည်”၊ “မောင်သာဘန်း ရန်ကုန်လားဖို့ဟိသည်”၊ “သက်ဟိလူသား” “လက်ဟိအနီအထား”အစဟိရေ “ဟိ”အသုံးအနှုန်းတိက ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။

“ဟိ”အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ”ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။

၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိ လျက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိ ဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အဂုခေတ် ရခိုင်ကျွန်းရွာတိမှာလေ့ “ဟိ”ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိ။ ရမ်းဗြဲလီသံမှာလေ့ တွိရရေ။ မြောက်ဦးလီသံမှာလေ့ တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်”လို့ သုံးကတ်စွာလေ့ တွိရရေ။

ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ”ကို ပြောစွာရာဖြစ်တေ။

ရခိုင်အသုံး “ဟိ”(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ”လို့ သုံးစွာကို တွိရပါ ရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစ ကားမှာလေ့ “ဟိ”ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပစမှာ၊ အရွီး အသားတိမှာ “ရှိ”ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ”လို့ ပြောနီကတ်စွာပါ။ “ရှိ”ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ ရာ ထွက်ရဖို့၊ “ဟိ”ကို ကျကေ HIAE လို့ ထွက်ရဖို့၊ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိ။

Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးရှားဘာသာစကားကိုလေ့ ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ”ကို မြီု့ကြီးသားရခိုင်တိအသံနန့် ဆိုကေ“SHI ”လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီဧ့ ၉၀ ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာ ပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်း ရွာ အပြောစကားမှာ “ဟိ”လေ့ဟိရေ။ “ရှိ”လေ့ ဟိပါရေ။

၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေဧ့ အရှိဘက်မှာဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိဗျယ်။
၅။ ဆန်ကို သိုက်ဒုံနန့်ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာဗျာယ်။
၁၀။ အသျှေတိရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက် (မြန်မာ၌ အရှေ့ဘက်)
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်းအခန်းထဲမှာ ရှိ သည် ။
“ဒေနိစာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့် ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ”ကိုရာသုံးကတ်ရပါဖို့။

ရခိုင်မြို့ကြီးသားတချို့က “ရှိ”အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတစ် လှမ်းမဆုတ်ချင်လို့“ယှိ”(YHI) ဆိုပြီးမြင်လို့ ရွီးလာစွာ တွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့်ကိုက်ကေလေ့ ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လေ့ မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တစ်သား တည်းကျအောင် နောက်ကိုတစ်လှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ”(SHI) နန့်“ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ”(HIAE) လို့ ပြန်ပြင်ပြောကတ်ပါမေ။ ရွီးရေခါလေ့ “ရှိ”နန့် “ယှိ”ကိုဖျက်ပြီး “ဟိ”လို့ ပြင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တစ်လှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိဗျယ်။ ရခိုင်ဘာသာ အရွီးအသား ကိစ္စကို လူအားနန့်လေ့ပျင်လို့ မရ။ ဖေသာအားနန့်လေ့ ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့၊ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူ အများပြောစကားနန့် ညှိယူ လိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။

အကိုးအကား

(ရှေးဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အသျှင်သူရီယ

မူရင်း = အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂)အမှတ်(၁)


Title: Some Points to Compare Different Arakanese Pronunciations
Author: Ashon Thuria
About Author:
Date: 7/7/2007
Page Hits: 1237
Bookmark This Page: Digg this article! Del.Icio.Us this article! Reddit this article! Mister Wong this article! Technorati this article! Furl this article! Spurl this article! Netscape this article! Add this article to My Yahoo! Newsvine this article!

Comments

Not found any comment. You can be the FIRST one to write a comment for Some Points to Compare Different Arakanese Pronunciations POST COMMENT!

Comment Form

Name:
Email:
Subject
Comment
 

Disclaimer

All views, opinions and comments expressed in the news and articles published in this website are of its own authors and they do not represent this website, its volunteers and its owner unless otherwise mentioned as Administrator, admin, Site Owner, Rakhapura.com or www.rakhapura.com.