Home »  Articles in Arakanese

Historical Speeches of Pandit U U Tha Tun (Part-1)

Ashon Endacaka
2/6/2005

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးလည်းဖြစ်၊ ရခိုင်မြန်မာပတိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏ သမိုင်းဝင်မိန့်ခွန်းများ

 

 

(ပထမပိုင်း)

 

ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ ကျွန်တော်ထက်အသက်ကြီးရေ ပုဂ္ဂိုလ်များကို ကျွန်တော်ရှိခိုးပါရေ။ ကျွန်တော်ထက်အသက်ငယ်ရေ ပုဂ္ဂိုလ်ရို့ကို ကျွန်တော်အလေးအမြတ် ဂါရ၀ပြုပါရေ။ ကျွန်တော်ပြောရဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည် နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကို ပြောဖို့စွာပါ။ ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ ဦးစောမြအောင်က ပြောလားခပါရေ။ တနာရီကျော်လောက် ပြောလားခတောင်မှ မ၀သိမ့်။ ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်တိစွာ ကကောင်းအများကြီးပါ။ ပြောပြီး နားမလည်လိုက်ကေလည်း ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့အတွက် ထိုပုဂ္ဂိုလ်၏ ဖွင့်ဆိုချက်တိကို တင်ပြပါဖို့။ ယင်းအခါမှ ကျွန်တော်ရို့ ရခိုင်သားတိစွာ ဇာလုပ်ရဖို့လဲဆိုစွာ နားလည်ကတ်ပါလိမ္မည်။ လုပ်ဖို့စွာမှာ ဇာနီရာကစရဖို့လဲဆိုစွာလည်း အရေးကြီးပါလိမ္မည်။ ကွက်ကျော်ကေ မှားပါလိမ္မည်။ ရခိုင်သားတိ ကွက်ကျော်လူတိကိုလည်း မြင်ရလာလိမ့်မည်။

နောက် အေလမ်းခရီးမှာ ဇာစူးငုတ်ခလုတ်တိက ပြည်တွင်းရန်သူ၊ ပြည်ပရန်သူဟိရေလားဆိုစွာကို အာရုံစိုက်ပြီးကြည့်ရပါဖို့။ အေနိခါ ဥက္ကဌကြီး ပြောလားခရေပိုင် တခြားတခြားသောလူမျိုးတိမှာ စုပေါင်းပြီးကေ ဘုံရန်သူတည်းဟူသော (တစည) မဆလကို တိုက်နီရေနီရာမှာ အင်အားအပြည့်နန့် တိုက်ရဖို့ဆိုစွာကို သိရေအတွက် အင်အားနောင်းကတ်ပါဗျာ။ ကျွန်တော်ရို့ ရခိုင်ဒေသမှာ ကြည့်လိုက်ရေခါ အင်အားက ထထွတ်ကြီးကြွီနီပါရေ။ ကကောင်း ၀မ်းနည်းဖို့ကောင်းပါရေ။ လူမျိုးဂေါင်းဆောင်တိကလည်း ပြောခီကေ သတိရရေလို့ဆိုပါရေ။ ဆိုရေခါ ရခိုင်မှာမျက်စိမဟိပါ။

 

ကျွန်တော်ရို့ရခိုင်ဒေသမှာ ခံနီရစွာ၊ ဖြစ်နီရစွာ၊ ဇာကြောင့်လဲ။ တဦးတည်းတယောက်တည်း ကောင်းစားရေးကိုမ၀သိမ့်ရေဂေါင်းဆောင်တိက တခုလည်းမလိမ္မာ၊ မသိနားမလည်ရေ ရခိုင်ပြည်သူတိကို အမျိုးမျိုးလိမ်စား၊ ၀ါစားနီကတ်တေအတွက် ကျွန်တော်ရို့ ရခိုင်ပြည်ကြီး ပြိုဖို့ကြံနီပါရေ။ ယေဇုနန့် ဥက္ကဌကြီးမိန့်ခွန်းပြောလားခရေပိုင် ကမ္ဘာ့အလယ်မှာ ကကောင်းရှက်ဖို့ကောင်းနီပါဗျာ။ ယကေလဲ့ သူရို့လူတစုမှာ ပျော်တုန်းပါသိမ့်။ ယင်းကိစ္စကို သတိထားဖို့အတွက် ပြောလိုပါရေ။ ဆိုရေခါ ကျွန်တော်ရို့ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတိစွာ ဘုရားဟောဒေသနာတော်နန့် သီလကိုစောင့်ရေအတွက် ရခိုင်လို့ခေါ်ပါရေ။ အမျိုးနန့်သီလကို ကနိမစောင့်ကေ ကနိရခိုင်မခေါ်ပါဗျာ။ (ကပျက်) လို့တောင်ခေါ်ဖို့မရပါဗျာ။ မျိုးဖျက်အဆိုးလို့ရာခေါ်ရပါဖို့။ ယင်းအတွက်နန့် ကျွန်တော်ရို့သတိထားပြီးကေ လူတစိချေ ကျန်စွာကလားဖို့စွာပါ။ ပထမ ယင်းအကြောင်းကိုမပြောခင် ကျွန်တော်ပြောပါဦးမည်။ ရခိုင်ပြည်ကိုလားဖို့ အင်အားကိုကြည့်လိုက်တေခါ ကျွန်တော်ရို့ ရခိုင်လူမျိုးတိ ဟိနီကေတောင်မှ တော်တော်ခိုင်ခိုင်ခန့်ခန့်နန့်လားရပါဖို့။ ဇာဖြစ်လို့လဲ ကနိလူဦးရေကိုကြည့်လိုက်တေခါ (၂ ဒသမ ၆ ) သန်း ဟိပါရေ။ ယင်းအထဲမှာ စပါးကြီးမျိုရေပိုင် အမျိုးမျိုးသောနည်းလမ်းနန့် ၀င်ရောက်နီလို့ ဘူးသီးတောင်၊ မောင်တောအစဟိရေမြို့တိ ကျဆုံးလားခပါဗျာ။

ယင်းအထဲမှာ ဘလောက်ပါရေလဲဆိုခါ တဒင်္ဂမသန်မန်လူမျိုးတိ ရိုဟင်ဂျာဆိုပြီး ဟိတ်ဟောနီပါရေ။ ရိုဟင်ဂျာလို့ ရခိုင်မှာဟိတောင်မဟိ မှတ်ထားပါ။ ယင်းအချက်ကိုကြည့်ကေ ဇာဖြစ်လို့လဲ။ မျိုလားခလို့။ ဖြစ်တေနည်းနန့်မျိုရေ။ ခြောက်လို့ခြိမ်းလို့မျိုရေ။ ငွေနန့်ပေါက်လို့မျိုရေ။ ကနိဘူးသီးတောင် မောင်တောရောက်ကေ ဥက္ကဌကြီး ဦးစောမြအောင်ပြောရေပိုင် နက်ဖန်ခါ ကုလားတန်ကိုရောက်ဖို့။ ရခိုင်သားရို့ အရာ (၅) နှစ်အတွင်းမှာ ကျောက်ဖြူမြို့တဖက် ရခိုင်ရိုးမကိုကျော်လို့ ပြီးဖို့ရာပျင်ထားကတ်ဖိ။ မိမိယော့ယော့နန့် ငါရို့နိုင်ငံရေးလုပ်ဖို့မဆိုင်၊ ထမင်းတဆုပ်စားနီရစွာ အဖမ်းခံရဖို့။ ငါရို့နန့် နိုင်ငံရေးဇာဆိုင်လဲလုပ်နီကေတော့ ရခိုင်သားရို့ ပြီးဖို့ရာပျင်ထားကတ်ဖိ။ အရာမပြောလိုပါယာ။

ကျွန်တော်ပြောရဖို့စကား ပပြောင့်ပါ။ ၁၁၄၆ - ခု ဘိုးတော်မောင်ဝိုင်း ရခိုင်ကိုသိမ်းသည့်နိကပင် ကနိမှာ (၂၀၅) နှစ်ပြည့်ပါဖို့။ ကျွန်သားပေါက်ဖြစ်တေ (၂၀၅) နှစ်ကာလမှာ ကျွန်စိတ်ပေါက်နီကတ်တေ။ ရခိုင်သားတိ ကနိ တဒင်္ဂလူမျိုးတိကို မှီခို၍ကြီးပွားနီရေအတွက် ယင်းအတိုင်းလားဖို့ ကြံနီကတ်ပါရေ။ ကနိ ယင်းအခြေအနေမဟုတ်ပါ။ သတိထားကတ်ပါ။ (၂၀၅) နှစ်မျိုသိပ်ထားရေ စကားကို ကျွန်တော် ကနိဖွင့်ပါဖို့။ ကျောက်တော်၊ စစ်တွေမှာ ဖွင့်ခပါဗျာ။ ဇာဖြစ်လို့ဖွင့်ရဖို့လဲ။ ကိုယ့်အမျိုးသားအတွက် ကျွန်တော်ရို့ ဂုလောက်အသက်အရွယ် (၇၄-၅) ဖြစ်နီပါဗျာ။ မတန်ကေလဲ့ ရခိုင်တိမသိရေအတွက် အေပိုင်ဒုက္ခခံလို့ ငါရို့မဖွင့်ခကေ ငါရို့သမိုင်း<ကီးဆပ်လို့ ကုန်ဖို့မဟုတ်။ အမျိုးသားအတွက် အေ၀ါကြီးတိထွက်လို့လား နီကတ်စွာပါ။ ကျွန်တော်နန့် အခြားပါလာကတ်တေပုဂ္ဂိုလ်တိအား လုံးဝါကြီးတိပါ။

 

ထိုင်နီဖို့တန်ရေအချိန်မှာ မထိုင်ဘဲနန့် ဇာဖြစ်လို့လားနီကတ်တေလဲ။ အယင်က အဖျက်သမားပါတီတိက ဇာပြောလဲ။ ၀ါကြီးတိရာလုပ်ဖို့ တက်လာကတ်တေလို့ ပြောပါရေ။ ကျွန်တော်မပြောချင်ပါ။ အဂုရခိုင်ပြည်မှာ ဇာဖြစ်နီလဲဆိုခါ ကျွန်တော်ရို့ ရခိုင်ပြည်သည် သျှမ်းပြည်၊ ချင်း၊ ကရင်၊ ကယား၊ မွန်နှင့်မတူပါ။ အနောက်ဖက်က စပါးကြီးတကောင် မျိုနီပါရေ။ အေအထဲမှာ မျိုးဖျက်တိကွဲအောင်ဖျက်နီရေ။ အေပိုင်ကိုင်ဖို့မရအောင်ဖြစ်နီစွာကို ကုသဖို့လာစွာပါ။ သတိထားကတ်ပါ။

 

ဆိုခါ ကနိ ဥက္ကဌကြီးဦးစောမြအောင်ပြောခရေပိုင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စတင်ဖွဲ့ရေ လောက်ကပင် ကနိ ဇာလောက်ရောက်လာဗျာလဲဆိုခါ မနှစ်ကစပြီးဖွဲ့စွာ အဂုဆို တနှစ်နန့် (၃-၄) လလောက်ရောက်လာပါဗျာ။ သျှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်စရေ တခြားတခြားသော လူမျိုးတိမှာ ကကောင်းနောင်းလားပါဗျာ။ သူရို့တိမှာ တဖွဲ့၊ နှစ်ဖွဲ့ရာဟိပါရေ။ ရခိုင်မှာ ပါတီ ဘလောက်ဟိလဲ။ (၁၅၅) ဖွဲ့။ ဘလောက်ကြောက်ဖို့ ကောင်းပါလဲ။ လူကိုကြည့်ကေ (၂) သန်းနန့် (၆) သိန်းဟိစွာမှာ ကုလား (၈) သိန်းဟိပါရေ။ ကျန်စွာ ရခိုင်မဟုတ်သိမ့်။ မာရမာကြီးတမျိုးပါရေ၊ ချင်းပါရေ။ မြိုပါရေ။ ခမီးပါရေ။ ယင်းအထဲမှာ ကမန်ဆိုရေ လူမျိုးတမျိုးပါသိမ့်ရေ။ ဒိုင်းနက်ပါရေ။ သက်ပါရေ။ တခြားတခြား ကုလား၊ တရုတ်၊ တရုတ်ကပျက်၊ ဗမာပါရေ။ ယေခါ ရခိုင်သားတိက အေလောက်လူ နှုတ်လိုက်ကေ ဘလောက်ကျန်ဖို့လဲ။ ရခိုင်သားတိထဲက အေလောက်ကျန်စွာတိထဲက တဆယ်နန့်သျှစ်သိန်းခွဲ နှုတ်လိုက်ကေ ဇာကျန်ဖို့လဲ။ နင်းပြားဖြစ်နီကတ်ဖိ။ တခုလဲမလိုပါဗျာ။ မပြောလိုပါဗျာ။

ယလောက်စွာကိုဖျက်လို့ မဟောသထာပြဿနာမှာပိုင် အမျိုးမျိုးဖြစ်နီပါရေ။ တချို့ပါတီတိကလူတိစွာ ရွာတိုင်းဆင်ပြီးကေ အေကမိခင်ရခိုင်လူမျိုးတိစစ်စစ်ကို ဘေးဖယ်ထားကတ်တေ။ မဟောသထာ ပြဿနာကိုကြည့်ပါ။ ကျန်ဟိရေ ပြည်ကိုဖျက်တေ သစ္စာဖောက်တိက ဘီလူးမကိုအစွယ်ဖြတ်တေပိုင် ဖြစ်နီကတ်စွာပါ။ သတိထားပါ။ ကျွန်တော်ရို့ မြောက်ဦးမြို့နယ်မှာ ကျွန်တော် မြောက်ဦးမြို့နယ်ကလာပြီးကေ အကြောင်းကြောင်းကြောင့် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မြီ အမှတ် (၂) ကို ရောက်လာခပါရေ။ ကျွန်တော် ကျောက်တော်မြို့ကို စလို့ထွက်တေလောက်ကပင် ကျွန်တော်ရို့ မရောက်ဖူးရေရွာတိ ကကောင်းအများကြီးပါ။ ဇာပိုင်ပျင်လို့ စည်းရုံးကတ်ဖို့လဲ။ ကျောက်တော်မြို့အကြောင်း ပြောရကတ်ဖို့ဆိုကေ ကျောက်တော်မြို့မှာ ရွာပေါင်း (၃၃၅) ရွာဟိပါရေ။ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ့်ဖေသာနန့်ကိုယ် ထူထောင်ထားရေအတွက် လားဖို့စားစရိတ်၊ ဘုတ်စရိတ်မတတ်နိုင်ပါ။ ခြီကြောင်းလားရပါရေ။ ကျောက်တော်မှာ ရံပုံငွေထည့်မဲ့သူဟိပြီးကေ မြောက်ဦးမှာက ဒင်္ဂါး (၁၀၀၊ ၂၀၀) ထည့်မဲ့သူမပေါ်ပါ။ ထည့်မဲ့သူအချို့လည်း ဟိကောင်းဟိပါလိမ္မည်။ ယကေ ဇာနန့်အလုပ်လုပ်ပါဖို့လဲ။ ယင်းအတွက်နန့် မြောက်ဦးမြို့ညံ့ဖျင်းလားခပါရေ။ ကျောက်တော်မြို့မှာ ကျွန်တော်လာရေခါ ကကောင်းအများကြီးတွိရပါရေ။ (တစည) ပါတီမှာကား သူတောင်းစားအလှူခံရေပိုင် ရံပုံငွေတိရပြီးကေ လျှံလားပါဗျာ။ ကကောင်းရလားပါဗျာ။

 

ယေခါ ကျွန်တော်ရို့မှာ အချေတရွီ ကိုယ့်စွာကိုယ်စားပြီးကေ အငတ်ခံလို့လုပ်နီလို့ အေအနီထား ရောက်နီစွာပါ။ ရခိုင်ပြည်မြောက်ပိုင်းမှာ ကျောက်ဖြူ၊ တောင်ကုတ်တိမှာ သူရို့ပါတီမှာ သံမဏိပိုင် နောင်းနီပါဗျာ။ ကျွန်တော်ရို့ ကျောက်တော်နယ်မှာ ကျွန်တော်တရားဟောနီခါ ရွာလိုက်ကိုလာပါရေ။ မြောက်ဦးမြို့က ရောက်လာဝေးဆိုခါ မရောက်ပါလတ်။ ကျွန်တော် စိတ်ညစ်ပါရေ။ အဂုနားက ဥက္ကဌကြီးဦးစောမြအောင် အခြားလူမျိုးစုတိနန့်ယှဉ်ပြိုင်ခါ စိတ်ညစ်ရေပိုင် ရခိုင်ပြည် (၁၇) မြို့နယ် အရပ်ရပ်၊ အမြို့မြို့၊ အနယ်နယ်ကို ပါတီတာဝန်နန့်စည်းရုံးရရေခါ ပုဏ္ဏားကျွန်းမှာ ခရမ်းတောင်ကို ရောက်ခီရရေ။ ကျွန်တော် မြောက်ဦးမြို့သားအနီနန့် မြောက်ဦးမှာဖြစ်ရစွာကို ကျွန်တော် အားလည်းငယ်၊ ရှက်လည်းရှက်ပါရေ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ တောင်ပိုင်းမှာ အားလုံးဝင်လားခပါဗျာ။ ရခိုင်သားဆိုစွာ တခုဝင်ကေ ပြန်ထွက်ဖို့မလွယ်ပါ။ ရှက်တတ်ပါရေ။ ယင်းအတွက်နန့် ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ်အတွင်းမှာ ရခိုင်ဒေသမှာ ကတောက်ကရောက် လုပ်နီကတ်တေ နီရာအထဲမှာ သူရို့မှာ ရမ်းဗြဲမြို့နယ်က ဇာပိုင်လူတိပါလဲလို့ကြည့်ပါ။ ကျွန်တော်ရို့မှာလဲ မပါစွာမဟုတ်ပါ။ ပါပါရေ။ မြောက်ဦးမြို့ ဇာဖြစ်နီရေလဲလို့ ကိုယ့်မြို့ကိုကိုယ် အပြစ်တင်စွာပါ။ အေအတိုင်းဖြစ်နီကတ်ဖို့ဆိုကေ ကျွန်တော်ရို့ မြောက်ဦးမြို့စွာ

နောက်ဆုံးကဟိပါဖို့။ ယကေလဲ့ ဟောပြောပုံ ဟောပြောနည်းလည်းလိုပါသိမ့်ရေ။ ထိုက ထိုးနှက်ချက်တိကို မိမ္မတိရန်ဖြစ်နီစွာပိုင် ရန်ဖြစ်နီစွာထက် ဖြေယှင်းပစ်စွာက ကောင်းပါရေ။

ယင်းထိုးနှက်ချက်တိကို မဖြေယှင်းကေ ဖြီလို့တောင် မပြီပါဗျာယ်။ ယင်းအတွက်နန့် ကျွန်တော်ပြောဖို့စွာက ကနိ ကျွန်တော်ရို့ ဇာလုပ်ရဖို့လဲဆိုခါ အေနိ နိုင်ငံရေးမဟုတ်ပါသိမ့်။ နိုင်ငံရေးအတွက် စည်းရုံးရေးပါ။ ဥက္ကဌကြီး မိန့်ခွန်းမှာပါရေပိုင် စည်းရုံးရေးကဏ္ဍမှာ စည်းရုံးရေး မအောင်မြင်ကေ အဂု (၁၀) တန်းစာမီးပွဲဖြေရေပိုင် စာမီးပွဲမှာ စာမရကေ စာမအောင်လိုက်ကေ ဂေဇက်ထွက်ခါ ကိုယ့်နာမည်မပါပါ။ ယင်းအတွက်နန့် ကျွန်တော်ရို့သည် စည်းရုံးရေးမှာ စည်းရုံးရေးကို အောင်မြင်အောင်လုပ်ရပါဖို့။ အလားတူ ကျောင်းသားမှာလည်း စာမီးပွဲမစစ်ခင် စာရအောင်ဖတ်ရပါဖို့။ ဖတ်ရုံလား၊ ဘာသာတိုင်း၌ နားလည်အောင်လည်း လေ့ကျင့်ရဖို့။ ယင်းနည်းတူစွာ မြောက်ဦးမြို့မှာ စည်းရုံးရေးဆိုစွာ ဇာပိုင် ဇာဘာသာနန့်လားဖို့လဲ။ ဇာပိုင်လားဖို့လဲဆိုစွာကို မသိစွာကိုမြင်လို့ ကကောင်း စိတ်အားငယ်မိပါရေ။ တခြားတခြားမြို့နယ် စည်းရုံးရေးနံပါတ် (၁-၂) အထဲမှာ တက်တက်ကြွကြွမြင်ရလို့ ၀မ်းသာပါရေ။ ဆိုင်းဘုတ်ကြီးတင်လို့ တဟဲဟဲနန့် လူစုပြီးနီလို့ နောက်ဆုံးဂဇက်ထွက်ခါ မပါကေ လားပါဗျာလို့မှတ်ပါ။ ယေကေလဲ့ ဇာပိုင်လုပ်ရဖို့လဲဆိုခါ အေနိ စည်းရုံးရေးအချိန်ပါ။ စည်းရုံးရေးအချိန်မှာ ဇာလုပ်ရဖို့လဲ။ စည်းရုံးရေးလုပ်ရဖို့။ လုပ်ခါဇာမူနန့်ဟောဖို့လဲ။

စည်းရုံးရေးမှာ လူထုစိတ်ပါလာအောင် အချက်ကြီးလေးချက်ဟိပါရေ။ အဂုနားက ဥက္ကဌကြီးပြောရေပိုင် (၁) တန်းတူရေး။ (၂) ဒီမိုကရေစီစစ်မှန်ရေး။ (၃) မူမှန်ရေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ မူမှန်ဖို့လဲ အရေးကြီးပါရေ။ မူမမှန်ကေ မကြိုက်။ ယင်းမူချမှတ်ထားစွာကို သုံးသပ်ဆောင်ရွက်ဖို့။ (၄) လူမှန်ရေးလို့ (၄) ချက်ဟိပါရေ။ ယင်းလေးချက်မှာ ကျွန်တော်ရို့ အဂုပါလာရေ ရခိုင်ရိုးမတဖက်က (၁၇) မြို့နယ်၊ ရန်ကုန်တမြို့နယ်၊ (၁၈) မြို့နယ်ထဲမှာ ရခိုင်အမျိုးသားကိုယ်စားလှယ်ရို့သည် ဘဇောင်ပိုင်ပုဂ္ဂိုလ်တိ ပါရေလဲဆိုစွာ ရွီးချယ်လို့တင်ပြထားစွာ ဖတ်ကြည့်ကတ်ပါ။ ပါပါယင့်။ ယင်းအချက်မှာ မိုးဦးကျ ငပြီတက်တေပိုင် သူတက်ဖို့၊ ငါတက်ဖို့ဖြစ်နီကတ်တေခါ ရခိုင်ပြည်နယ်မှာ (၂၆) နီရာရစွာမှာ (၁၅၅) ဆိုခါ ကျွန်တော်ရို့ ရင်ဖတ်ဆို့ပါဗျာ။ နိုင်ဖို့လား။ ယင်းသူရို့မနိုင်ပါ။ မနိုင်ကေ ဇာပျင်ရဖို့လဲ။ မဲဖျက်ဖျက်ကေ အေကလျော့ဖို့။ လျော့ကေ ကျားသီအသက်ဝင်ပြီးကိုက်ပါဖို့။ ကျားအသက်ဝင်ပြီးကိုက်ကေ အေလူတိ တကောင်လဲမကျန်ပါဗျာလို့မှတ်ပါ။ ကောင်နန့်သုံးစွာ ကျွန်တော်ပါအပါ အ၀င်သုံးစွာပါ။ အားမရလို့ပြောစွာပါ။ ယင်းအတွက်နန့် ယင်းစခန်းကို ကျွန်တော်ရို့ နောင်းနောင်းလားရပါဖို့။

ယင်းအတွက်နန့် ကျွန်တော်ရို့သည် တန်းတူညီမျှရေးဆိုစွာကို ဥက္ကဌကြီးပါးစက ထွက်လားခရေပိုင် (သျှမ်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်) လူမျိုး (၇) မျိုးသည် (၄၂) နှစ်တာ ကာလပတ်လုံး လွတ်လပ်စွာ တန်းတူမရခလို့ သူပုန်လည်းမကန်၊ ပြည်သူလည်းမကန် နှိပ်စက်လို့တတုတ်သီဗျာ။ ကိုယ်တွိ့ပါ။ထိုခါ တနားက ဥက္ကဌကြီးပြောခရေပိုင်ပါ သဘောပေါက်ပါလိမ္မည်။ ကျွန်တော်ရို့လည်း သဘောပေါက်ပါရေ။ ရခိုင်နန့်တကွ ကျန်လူမျိုး (၆) မျိုးက သဘောပေါက်သောကြောင့် ရခိုင်သည် ဘဇောင်ဥာဏ်နန့် ဘဇောင်ပိုင်ပျင်နီလဲဆိုခါ ရိုသေမှုမဟိကတ်ပါ။ ကိုယ်ရို့မှာကား ခြံပြိုလို့ပါ။ အဂု ခြံပြိုစွာကို လုပ်ဖို့ပျင်စွာပါ။ လုပ်နိုင်ကေလုပ်၊ ကြားမှာ (၁) လ ခွဲဟိပါဗျာ။ နောက် စည်းရုံးကေရယင့်။ အဂုဆင်းခီကေ အဂုရယင့်။ ချက်ပြီးသားထမင်းကိုစားဖို့ လားစွာလား။ မြောက်ဦးမြို့ကို အကြိမ်ကြိမ် ကျွန်တော်ပြောလိုစွာပါ။ ကိုယ့်လူလို့မှတ်လာ။ မလွယ်ကူပါ။ လေးမြို့ချောင်းတချောင်းနန့် အစပိုင်း၊ ဒေဖက်ပိုင်း။ ယင်းအတွက်နန့် ကကောင်းသတိထားရပါဖို့။ တခြားတခြားမြို့တိမှာ ၀မ်းမြောက်လို့ လက်ခုပ်တီးနီပါဗျာ။ မြောက်ဦးမြို့မှာ မဆင်းရပါသိမ့်လတ်။

ဇာအချိန်စည်းရုံးရေးလုပ်ဖို့ စိတ်ကူးလဲ။ အဂုနားကစကားကို ပြန်စပါဖို့။ ဒေမှာ ညီမျှရေး၊ တန်းတူရေးဟိရေး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကို လားခီရေ။ လူမျိုးခြောက်မျိုးကို စည်းရုံးရေ။ ယင်းတိုင်းရင်းသား လူမျိုးတိမှာ ရခိုင်မပါလို့ ရခိုင်ပြည်ကိုချန်လှပ်ထားခရေ။ သူရို့ မြောက်ဦးမှာ ကျွန်တော်ရို့နန့်တွိလို့ ပြောလို့ဟိပါရေ။ ထိုပုဂ္ဂိုလ်သီလားရေခါ မရလိုက်ပါဗျာ။ တန်းတူရဟိရေးကိုကိုင်ခစွာပါ။ တဒင်္ဂလူမျိုးကို ကိုင်စွာမဟုတ်ပါ။ ရလတ်တေခါ (၄၂) နှစ်ကာလပတ်လုံးမှာ ရိုးမတောင်ထိုဖက် ရန်ကုန်ကိုလားကေ မြင်ပါလိမ္မည်။ မှန်ကြည့်ဖို့ရရေ လမ်းတိ၊ တိုက်တကတိုက်၊ တာတကတာ၊ အလုပ်ရုံကြီးတိ၊ စက်ရုံကြီးတိနန့် ဟိန်းလို့။ ဒေဖက်ကိုကျော်ကေ၊ တောရွာချေတရွာဖြစ်နီရေ။ (၄၂) နှစ် လွတ်လပ်ရေးရစွာ အသူရို့ခံစားရရေလဲ ကြည့်လိုက်ပါ။ မျက်စိဖွင့်ကြည့်လိုက်ကတ်ပါ။

 

(ပထမပိုင်းပြီး၏)

 

အသျှင်ဣန္ဒာစက္က

ဗေဒင်နှင့်သမိုင်းသုတေသီ

(၆၊၂၊၂၀၀၅)

 

စာရွီးသူ- ကိုယ်တော် အသျှင်အိန္ဒာစက္ကသည် ရခိုင်-မြန်မာပတိတ် ဆရာကြီး ဦးဦးသာထွန်း ဟောပြောခသော တိတ်ခွေတိကို အခက်အခဲအမျိုးမျိုးကြားထဲက ရခိုင်ပြည်ကမှာယူပြီး တိတိကျကျ မှန်မှန်ကန်ကန် ထုတ်နှုတ်ကူးယူကာ ဆရာကြီးကိုဂုဏ်ပြုလို၍၄င်း၊ ကျေးဇူးဆပ်ဖို့ကို သိတတ်သူတယောက်အဖြစ်၎င်း၊ ဤဟောပြောချက် ပထမပိုင်းကို ဖော်ထုတ်တင်ပြခြင်း ဖြစ်ပါသည်။ နောက်စာစောင်တိမှာ (ဒု၊ တ) ပိုင်းတိကိုပါ ဆက်လက်ဖော်ပြပါမည်။

(ရခိုင့်လွတ်လပ်ရေးစာစောင်မှ)

 


Title: Historical Speeches of Pandit U U Tha Tun (Part-1)
Author: Ashon Endacaka
About Author:
Date: 2/6/2005
Page Hits: 1158
Bookmark This Page: Digg this article! Del.Icio.Us this article! Reddit this article! Mister Wong this article! Technorati this article! Furl this article! Spurl this article! Netscape this article! Add this article to My Yahoo! Newsvine this article!

Comments

Not found any comment. You can be the FIRST one to write a comment for Historical Speeches of Pandit U U Tha Tun (Part-1) POST COMMENT!

Comment Form

Name:
Email:
Subject
Comment
 

Disclaimer

All views, opinions and comments expressed in the news and articles published in this website are of its own authors and they do not represent this website, its volunteers and its owner unless otherwise mentioned as Administrator, admin, Site Owner, Rakhapura.com or www.rakhapura.com.