Home »  Articles in Arakanese

Historical Speeches of Pandit U U Tha Tun (Part-3)

Ashon Endacaka
2/6/2005

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးလည်းဖြစ်၊ ရခိုင်မြန်မာပတိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏ သမိုင်းဝင်မိန့်ခွန်းများ

(နောက်ဆုံးပိုင်း)

ကျွန်တော်ရို့၏ကိုယ့်တိုင်းကိုယ့်ဒေသတိမှာ တဒေသနန့်တဒေသမတူပါ။ တိုင်း (သို့မဟုတ်) ပြည်နယ်တိမှာဆိုကေ ကိုယ့်ဒေသ၏စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးတိကိုဆွဲရပါဖို့။ မပေါ်ပါသိမ့်လည်း အဂုထိုမှာ ဇာပိုင်မျိုးဖြစ်လာမည်ကားမသိ။ ဆိုကေ အသူ့ပါးကတောင်းရဖို့လဲ။ လာဘန်ဗျာကား ရခိုင်သား။ ကကောင်းပညာဟိရေကား၊ ယင်းသူရို့ပီးမှ ရမည်နန့်။ ဥပမာတခုပြောပါမည်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီဆိုစွာကိုပြောပါမည်။ ယင်းပိုင်ပြောနီရေရခိုင်သားလူကြီးတိ စာတတ်တိ အသံချပ်ချပ်နန့်ပြောနီစွာတိ နိုင်ငံရေးခေါင်းဆောင်တိ ဝါရင့်တိ တချို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစောမြအောင်ကို မတတ်၊ နိုင်ငံရေးနားမလည်၊ ပလင်စနီတလုံးလတ်။ ကွက်စိတပိုဒ်နိုင်လိမ့်မည်ဆိုပါရေ။ ဆိုပတ်စီ ကိစ္စမဟိပါ။ သူရို့ပြောလိုက်ကေ နိုင်ငံရေးဝါတော်ကြီးတိ နိုင်ငံရေးမှာ အနှစ် (၄၀) လုပ်ခရေ (၃၀) လုပ်ခရေလတ်။ ယင်းချက်ကိုပြောရပါဖို့။ စစီးနားထောင်ကတ်ပါ။ ကနိထမင်းငတ်ပျာယ်မှတ်ပါဖိ။ မစုံကေမကောင်း ပြောရဖို့။ နိုင်ငံရေးဝါတော်ကြီးကို ကျောက်တော်နန့်စစ်တွေမြို့မှာ ပြောခပါဗျာ။ နိုင်ငံရေးဝါတော်ကြီး။ အဝေ ဆရာတော်ကြီးဝါတော် (၄၅) ဝါရရေ။ ဓမ္မစရိယရွှေထီးဆောင်းလာလတ်စွာ ကနိပါရာဇိကကျကေ အသုံးမကျဗျာ။ မင်းရို့နိုင်ငံရေးခေါင်းဆောင်တိ ဝါတော်ကြီးတိ သွီးစွန်းသောလက်ဖြင့် ပါရာဇိကကျနီဗျာ။ ရခိုင်ပြည်ကိုခေါင်းဆောင်ဖို့လာစွာ ဘစောင်မျက်နှာနန့်လာရေလဲလို့။ ဗြောင်ပြောခပါရေ။ အသာချေပြောလို့ မရပါဗျာ။ ယေခါ ကျွန်တော်ရို့ဘဇောင်နည်းနန့်၊ ဇာဥပဒေပင်ရရ ဖယ်ဒရယ်ပင်ရရ ဖယ်ဒရယ်မဟုတ်ကေ တခြားရချင်စွာကိုရရ ဒီမိုကရေစီအစစ်ရကေ ကျွန်တော်ရို့တန်းတူရေးကိုဆွဲရဖို့။ ယင်းအတွက်နန့် ဗမာအသုံးအနှုံးကိုဖျောက်လို့ မြန်မာလို့ဆိုရေကား။ အကြောင်းက သူရို့စွာ လူမျိုးစုနန့်မသင့်မမြတ် ဖြစ်ပါလတ်တေ။ လူမျိုးစုနန့်မသင့်မမြတ်ကေ ပြည်တွင်းပြည်ပ သူပုန်ထလို့ အစိုးရမှာ ငွေကုန်ကျရေ။ တိုင်းပြည်တည်ဆောက်ရေးကိုလုပ်ဖို့မရ။ ယင်းအတွက်နန့် တိုင်ပြည်မွဲလားခရေလို့မှတ်ပါ။ ယင်းအချက်ကို ဖက်ခွက်တပ်မတော်က မလိုလားပါ။ မလိုလားရေအတွက် (ပြည်ထောင်စုမပြိုကွဲရေး) လို့ ဟောနီစွာပါ။ ဆိုခါ အေခရီးကလားရေခါ ကျွန်တော်ရို့ကို အနာရှာလို့မရပါ။ စည်းရုံးရေခါ စကားမလွန်ပါစီကဲ့။ လူမျိုးရေးကိုထိခိုက်၍မရပါ။ ဥပဒေနန့် ဆန့်ကျင်၍လည်းမရပါ။

ယင်းပိုင်လားဖို့ဆိုခါ ရခိုင်ပြည်မှာ ဥက္ကဌနန့်ဖွဲ့စည်းလို့ရဖို့လား။ ရခိုင်တိုင်းဒေသတခုလုံးမှာ ဥက္ကဌနန့်ကောင်စီကိုရာ အဆင့်ဆင့်ဖွဲ့ဖို့လား။ လွန်ခရေဆယ်နှစ်လောက်က မေဇူတိသူပုန်ထရေခါ ပလက်ဝကိုကျရေလတ်။ ကြားဖူးကြပါလိမ့်မည်။ အဂု ပလက်ဝချောင်းဒေဖက် မကျေးပင်ချောင်း ထိုဖက်ကိုကျော်ခါ မီဇူရမ်ဆိုပြီးကေပြည်နယ်ရလို့ သမ္မတနန့်ပါ။ အိန္ဒိယအစိုးရကပီးလိုက်စွာ အဂုထိုဖက်ကမ်းကိုကြည့်လိုက်တေခါ တိုက်တာအဆောက်အဦးတိ ဟိမ်းနီယင့်။ ရခိုင်သားမျိုးမှာဝါ နှစ်ပေါင်း (၂၀ဝ) နှစ်ဟိလတ်ပျာ။ ဂန်ဒဂေါက်နန့်၊ အုန်းထရံနန့်။ ဝါးထရံ၊ အုန်းထရံကို ဂန်ဒဂေါက်နန့် နီချင်တုန်းသိမ့်။ ကနိ ထိုဖက်ကိုကျော်လိုက်ကေ ဟိမ်းလို့မြင်ပါလိမ့်မည်။ ယေကေလည်း ကြေနပ်နီကေ ဇာဖြစ်လားခရေလဲ။ ဝမ်းနည်းဖို့ကောင်းပါရေ။ အေပိုင်မကျချင်လို့ ကျွန်တော်ရို့အသီခံလို့ လုပ်နီကတ်စွာပါ။ သို့သော် ကျွန်တော်မှာချင်စွာက အေလူကြီးတိတော့ခါ သင်းချိုင်းကုန်းတဖက် အိမ်တဖက်ကျနီပါယာ။ ကျန်လိုက်ဖို့အချေတိစွာ ကျွန်တော်ရို့တည်ဆောက်ခရေအုတ်မြစ်တိစွာ အေပိုင်ကြီးကျယ်ဖို့မြင်လို့ အဂု ကျွန်တော်ရို့ရှိတွင်မှာပင် ပျက်အောင်ဖျက်ပါလိမ့်မည်။ ခိုင်ခန့်အောင်ထားပါလီကတ်။ ခိုင်မြဲစွာထားလို့ဟိကေ တိုင်းရင်းသားလူမျိုးစုတိနန့်တန်းတူဖို့ဆိုကေ နောက် (၂၄-၂၅) နှစ်အတွင်းမှာ ထိုသူရို့နန့်တန်းတူ ဖြစ်ပါလိမ့်မည်။ ယင်းအခါမှ ကျွန်တော်ရို့၏စီးပွားရေးကို ဘဇောင်ဆွဲဖို့လဲ၊ ရခိုင်ပြည် နိုင်ငံတကာနန့် ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေးကို ဘဇောင်ဆွဲဖို့လဲဆိုစွာ လိုပါဖို့သိမ့်။ ယင်းဆွဲဖို့စွာက ရဖို့ပြည်အပေါ်မှာ မူတည်ပါရေ။ ဖယ်ဒရယ်မူကတော့ ပီးဖို့မဟုတ်ပါ။

တဆင့်တဆင့်ပီးကေ ဇာလုပ်ဖို့လဲဆိုစွာလိုပါရေ။ ယင်းအခါ လုပ်လာခါ ယင်းဥပဒေကိုဆွဲဖို့ ပညာတတ်တိ ကကောင်းလိုလာပါရေ။ ဆိုခါ ပြည်တွင်းထဲမှာ ပညာဟိတိမဟိလို့မရ။ ဆွဲဖို့စွာမှာ ကိုယ်စားလှယ်မှရာ ဆွဲရဖို့။ ကိုယ်စားလှယ်မှာ ဝက်ချုပ်နာတိကို မတင်နိုင်ပါ။ သူရို့မှာဇာတိပါလဲ။ ဝက်ချုပ်၊ မာဒရာမစင်စွာတိပါပါရေ။ ကြည့်ပါ၊ မျက်စိဖွင့်လို့။ ယင်းအတွက်နန့် (၂၆) နှစ်တိုင်တိုင်စားလို့မဝသိမ့်လို့ အရာလိမ်ပြီးကေ လုပ်နီစွာတိကိုကြည့်ကတ်ပါ။ ဆိုခါ ယခုမျက်မှောက်အမှားပါ။ မျက်မှောက်အမှားနောက်ကပါနီကတ်လို့ ဝမ်းနည်းလို့ ကျွန်တော်ပြောစွာပါ။ သတိထားပါ။ လွန်လီပြီးသောအခါက ဇာမှားခရေလဲ။ အတိတ်က လွန်လီပြီးသောအခါက မှားခစွာကိုမပြောကေ အတိတ်နန့်ပစ္စုပ္ပန်ကိုမပေါင်းကေ အနာဂါတ်ကို ခြီလှမ်းမလှမ်းနိုင်လို့မှတ်ပါ။ ယင်းအချက်တိကိုသတိမထား ရုပ်ဝါဒီနန့် ကွန်မျူနစ်ဆန်စွာက ကျွန်ဖြစ်လာသောလူမျိုး။ ရခိုင်သမိုင်းကို မကြားဖူးသူ (၁၀ဝ) မှာ (၁၀၁) ယောက်ဖြစ်နီပါယာ။

ကျန်တော်ရို့ ရခိုင်လို့ဇာဖို့ခေါ်ရေလဲ။ နားထောင်ကတ်ပါနန်း။ အမျိုးသီလနှစ်ဌာနကိုစောင့်လို့ ရခိုင်လို့ခေါ်ပါရေ။ အေနိ သီလမဟိ၊ အမျိုးကိုမစောင့်၊ အမျိုးစောင့်တရားမဟိကေ ရခိုင်ပျက်ပါယာ။ သတိပီးပါရေ။ အေနိကပင်စပြီးကေ ရခိုင်ကိုချက် အစစ်လုပ်ပါကတ်မည်။ ရခိုင်ကပျက် ရခိုင်နခေါင်း မဖြစ်ပါကတ်ကဲ့။ ရခိုင်သားနခေါင်း ကောင်းကောင်းများလားခပါယာ။ ဆိုခါ ရှည်လျားလှစွာသော သမိုင်းကိုထားလိုက်ပါဖိ။ ရခိုင်ဟူ၍ခေါ်သောသမိုင်းကိုပဲ ကျွန်တော်ရို့ပြောပါမည်။ ဇာနိကခေါ်ပါရေလဲ။ လွန်ခရေအနှစ် (၅၀ဝ၀) ကဖြစ်ခကတ်ပါဖို့ ရခိုင်ခေါ်စွာ။

ကျွန်တော်ရို့သည် လွန်ခရေ အနှစ် (၅၀ဝ၀)က ကုဿမင်းသက္ကရာဇ် (၅၉၅) ခုမှာ ဘီစီ (၃၃၀ဝ) ကျော်က ကျွန်တော်ရို့ရခိုင်ပြည်မှာ ပထမဓညဝတီမြို့ကိုတည်ပါရေ။ မာရာယုမင်းကြီးဆိုစွာ လူတိုင်းသိပါလိမ့်မည်။ မာရာယုမင်းကြီးသည် ဇာကလာပါလဲဆိုစွာ ဆန်းစစ်ဖို့လိုပါလိမ့်မည်။ မာရာယုမင်းကြီးသည် အိန္ဒိယပြည် ကပ္ပိလဝတ်တိုင်းက အသူ့သားလဲဆိုစွာ သိဖို့လိုပါလိမ့်မည်။ သစ္စနမင်းကြီးသားပါ။ ကပ္ပိလတိုင်းနန့် ကောသလတိုင်းစစ်ဖြစ်ကတ်တေ။ လယ်ထွန်ဖို့ရီကိုလုလို့ ဂင်္ဂါမြစ်ရီကြောင့် စစ်ဖြစ်စွာမှာ သူရို့၏ငြိမ်းချမ်းရေး ဘုရားသခင်တည်းဟူသော ဘူးသီးစောင့်ရေဘုရားသခင်က ကောင်းခင်ကစောင်းတီးလိုက်တေ။ ထိုအခါ ငြိမ်းချမ်းပြီး ငြိမ်းညောင်းသောအသံကိုကြားရ၍ ကောင်းကင်ကိုမော့ကြည့်လိုက်သောခါ ဘုရားသခင်က ကောင်းခင်ကတရားဟောပါရေ။ ဟေး သစ္စန၊ သင်စစ်ပွဲအောင်လို့ ကောင်းကောင်းပျော်ရေလား။ နောင်ခါ မင်းမျက်ရည်အသွယ်သွယ်စီးကျလိမ့်မည်။ ဇာဖြစ်လို့လဲ။ မင်းမျိုးမင်းအသွီးနှင့် တိုင်းပြည်ကသွီးကိုနင်းပြီး သျှင်ဘုရင်လုပ်တေ။ ကကောင်းကောင်းရေထင်လား၊ ဆိုခါ ကောင်းကောင်းသံဝေဂရပြီးကေ အားလုံးစွာကိုစွန့်ပနာ တောထွက်လာလတ်စွာပါ။ ရခိုင်ပြည် ဂစ္စပနဒီမြစ်၏လက်ဝဲလက်ယာ ကိုးဆယ့်ကိုးမြို့ဟိစွာမှာ ဤအကြောင်းအရာကို ပုဏ္ဏားကျွန်းမြို့မှာဟောရေခါ တယောက်ထပြီးကေ ဇာပြောလည်းဆိုကေ ပုဏ္ဏားကျွန်းဝကနီပြီးကေ ပလက်ဝထိဟိစွာမှာ ရွာချေတောင်မှ ကိုးဆယ့်ကိုးဟိဖို့မဟုတ်ပါဆရာကြီး။ ကျွန်တော်ရို့က မယုံဆိုပါရေ။ မှန်ပါရေ။ မှန်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင်ကံမကောင်းလို့ ဆုတ်ယုတ်လာလတ်လို့မှတ်ပါလီ။

ယင်းခါ သိစ္စနသျှင်ရသေ့သည် တောတလျှောက်က ရခိုင်ပြည်ကိုလာရေပလက်ဝကို ရောက်ဖူးလူတိုင်း သိပါလိမ့်မည်။ အရှိဖက်ကို ရက္ခပူရတိုင်း။ ပလက်ဝ၊ မီးဝကပင်အထက်ကို ဥဿလင်းတိုင်းလို့ခေါ်ပါရေ။ တိုင်းတတိုင်းကိုခွဲစွာမှာ အနည်းဆုံး မြို့ဆယ်မြို့ပါပါရေ။ ရခိုင်၏ဖွဲ့စည်းပုံအရပါ။ ရခိုင်စွာ သာမညနိုင်ငံ အနည်းချေကားမဟုတ်။ ပျက်စီးလားခစွာ အဂုမျိုးပြုတ်ဖို့ကြံနီဗျာ။ ကောင်းကောင်းသတိထားကတ်ပါ။ ယေကေ ဥဿလင်းတိုင်းအရှိဘက်ကိုဆန်လိုက်ခါ ဇာခေါ်လဲဆိုကေ အရှိဘင်္ဂလားတိုင်း။ အဂု ဘင်္ဂလားဒေခ်ျနိုင်ငံရေ ကျွန်တော်ရို့ပိုင်စွာပါ။ ယေကေ ၄င်း၏လက်ယာဖက်ကိုကြည့်လိုက်တေအခါ နာဂသေနတိုင်း။ အဂု ထရိပူရပြည်ပါ၊ ယင်းဘက်မှာ ရခိုင်သားကိုကြည့်လိုက်ကေ အဂုတသန်းခွဲဟိပါသိမ့်ရေ။ မြုံတိ၊ ဖလံတိ ရခိုင်စကားပြောပါရေ။ အဂု ကျွန်တော် ဒေကဥဿလင်းတိုင်းအလယ်တရိုးကိုကြည့်လိုက်ကေ ဇာတွိလဲ။ ကာမရူပတိုင်းပါ။ ၄င်း၏အနောက်ဘက်ကိုကြည့်ခါ မဟိံသကတိုင်း။ ရခိုင်ပြည်ပိုင်ရေတိုင်းတိပါ။ အဂုဇာသူရို့ဝင်နီလည်းကြည့်ပါ။ အားလုံးအသီးသီးဝင်လားခပါယာ။ ရခိုင်တိတောင်တန်းကပ်လို့ တဝိုင်းချေကျန်ဗျာ။ အဂု ယင်းဖက်ကရခိုင်သားတိ ထိုဘက်ကိုကြည့်လိုက်ကေ လူနှစ်သန်းခွဲလောက် ဟိပါသိမ့်ရေ။ လာချင်နီကတ်ယာ။ ထိုဘက်မှာ အဝကျွန်းဆိုစွာ ပပေါ့ချေရွာကြီးတိမဟုတ်ပါ။ အဂု ကုလားတိဝင်လာပါယာ။ တဖြည်းဖြည်းစိမ့်ဝင်လို့ စုစုပေါင်းလူနှစ်ထောင်မဟိပါယာ။ အားလုံး ဘုရားစေတီတိနန့် ကျောင်းတိရာကျန်လိုက်ပါရေ။ ယင်းပိုင်ထိုးဝင်လာရေပိုင် ကျွန်တော်ရို့၏နီရာကို ထိုးဝင်လာရေ။ ဇာခါထိုးဝင်ရေလဲ အင်္ဂလိပ်သက္ကရာဇ် ၁၆၆၆ မှာထိုးဝင်လာစွာပါ။ ဇာဖြစ်လို့လဲ ယင်းအခါ ရခိုင်အင်အားညံ့လာလို့ပါ။

ရခိုင်တိမညံ့ခင် ဂွဖက်မှာ ဟိုင်းကြီးကျွန်းဟိပါရေ။ ထိုဖက်က ကတ္တရာပူရကျွန်း၊ သောင်းကြီးကျွန်း၊ ဒေကအဝကျွန်း ကျွန်းစုတိပါ။ ရခိုင်ပြည်၏ကျွန်းကြီးသည် သောင်းကြီးကျွန်း။ ကတ္တရာပူရကျွန်းလို့ခေါ်ရေ။ ကမ္ဘာ့အရပ်ရပ်မှလူတိစွာ အဂုရခိုင်ပြည် သံတွဲငပလီသို့ အပန်းဖြေဖို့လာကတ်တေပိုင် ရခိုင်ဘုရင်လုပ်ထားလို့ အကောက်ခွန်ရနီရေကျွန်းစွာ သောင်းကြီးကျွန်းပါ။ ယင်းကို အင်္ဂလိပ်က (ှညေိတငစ) လို့ခေါ်ပါရေ။ ကုလားစကားနန့် (ချူဒရောကြမ်န်) လို့ခေါ်ပါရေ။ ကမ်းခြီလှလတ်။ ယင်းကျွန်းကို ဆင်မဖြူကျွန်းပါ။ ဘဇောင်ရွီးထားကတ်လဲဆိုကေ အင်္ဂလိပ်နန့်ဟိန္ဒူကျမ်းတိမှာရွီးထားစွာက ကမ္ဘာပေါ်မှာ အလှဆုံးကမ်းခြီပါ။ အဂုအသူပိုင်လားခရေလဲ။ ရခိုင်သားတိအကျင့်ပျက်လို့ ဆုတ်လာစွာပါ။ အရာလည်းမလွတ်သိမ့်ဆိုကေ ဥက္ကဌကြီးပြောခရေပိုင် ပျူလူမျိုးပိုင် တခုလည်းမကျန်ပါဗျာလို့မှတ်ပါလီ။ ယင်းအတွက်နန့် ၁၆၆၆ ခုနှစ်လောက်က စစ်တကောင်းထိုဘက်ကို မိုင် (၅၀) ထိပိုင်ခရေ။ အယင် ပထမဝါလို့ဆိုကေ ထိုမှာ ဗြမ္မာပုတ္တမြစ်ကြီး ဒေဘက်မှာ ကူကသိမြစ်ဝ။ ယင်းမြစ်ထိုဘက်မှာ လွန်ခရေ (၁၀) နှစ်လောက်က ဘင်္ဂလားဒေ့ခ်ျအစိုးရက တူးဖော်ရေးလုပ်ရေခါ ထိုမှာ စိုင်းဒြားမင်း၏လက်ရာဘုရားနန့် အနုပညာလက်ရာတိ ကကောင်းပေါ်ထွက်လာလို့ အားလုံးကိုမော်ကွန်းတင်ဗျာ ရွီးထားခပါရေ။

ယင်းချင့်တိအားလုံး ရခိုင်သားစွာတိပါ။ ဘလောက် ပိုင်ခရေလဲဆိုခါ သစ္စိနသျှင်ရသေ့တောထွက်ရေခါ ယင်းနားမှာ ထိုဖက်ကအိန္ဒိယ ဒေဖက်ကရခိုင်ပါ။ ခြီတလှမ်းလှမ်းလိုက်စွာနန့်ရောက်တေအတွက် အနီးချေနန့် ရခိုင်ဒေသကို ရောက်လာစွာပါ။ တရားအားထုတ်ဖို့ ရီကြိုင်ရာမြက်နုရာကိုရှာရေအခါ ကုလားတန်မြစ်ကို ကျပါရေ။ သစ္စိနသျင်ရသေ့လည်း ကုလားတန်မြစ်ကိုမှီ၍ တရားဆောက်တည်ပြီးနီပါရေ။ ယင်းအနားမှာ သက်ပြည်တပြည်ဟိပါရေ။ သက်ပြည်ကို သက်မင်းစန္ဒြသိဒ္ဓိဆိုရေမင်းက အုပ်ချုပ်နီပါရေ။ စန္ဒြသိဒ္ဓိဆိုရေ သက်မင်းရေ ထိုသျှင်ရသေ့သိစ္စိနကို မြင်တွိဖူးမျော်ရရေခါ ကြည်ညိုသဒ္ဒါတရားပွား၍ ပစ္စည်းလေးပါးဖြင့် ဆွမ်းကွမ်းယာဂုတ်တိကို အမြဲမပြတ်ပူဇော်လျက်ထားပါရေ။ ထိုအခါ တနိသောအခါ သက်မင်းစန္ဒြရသိဒ္ဓိ၏ သမီးတော်ဣန္ဒာမာရယုကို ဆွမ်းပို့ဖို့ခိုင်းစီပါရေ။ ထိုအခါ ဘဝအနန္ဒကကုသိုလ်ရီစက်ကြောင့် ရသေ့လူထွက်ဗျာ ဣန္ဒာမာရယုနန့် ရလားခကတ်ပါရေ။ တချို့တချို့သော ရာဇာဝင်က တိရိစ္ဆာန်ဆတ်မနန့် ရရေလို့ဆိုပါရေ။ မဟုတ်ပါ။ တခါလည်းမရကောင်းပါ။ ဇာဖြစ်လို့လဲဆိုကေ တချို့က ရခိုင်သားကို တိရိစ္ဆာန်ဟု ဆိုလိုချင်သောကြောင့် ရွီးထားသောကျမ်းတိရာဖြစ်ပါရေ။

ရခိုင်ရာဇာဝင်ဆိုတိုင်း မယုံကတ်ပါကဲ့။ ကျွန်ဘဝမှာ ရွီးပစ်ခရေစာတိ ကောင်းကောင်းဟိပါရေ။ ငါ့အဖိုးသျင်စာ၊ ငါရို့ဆရာတော်ကြီးစာကိုလည်း ကောင်းကောင်းအားမကိုးကတ်ပါကဲ့။ ကြည့်ကြည့်ချင်း ကျွန်တော်ရို့ကမြင်ပါရေ။ ယင်းအတွက်နန့် ဣန္ဒာမာရယုမည်သော စန္ဒြသိဒ္ဓိသမီးတော်နန့် သကျသာဂီဝံသ၊ မဟာဝံသ၊ ခတ္တိယမင်းမျိုးမှဆင်းလာသော သစ္စနနန့်ထိမ်းမြားလို့ မာရယုမင်းသားကို မွီးပါရေ။ ဥပမာအားဖြင့် ဂေါတမဘုရားသည် ကပ်ကမ္ဘာမှာပွင့်ဖို့ သာသနာစောင့်နတ်များနန့်တကွ သိကြားဗြဟ္မာရို့ရေ သုသီတာက အလောင်းတော်နတ်သားကို မည်တော်မာယာ၏ဝမ်း၌ ပဋိသန္ဓေတည်ပြီးသကဲ့သို့ အဂုလည်း အနောက်မဉ္စိမဒေသမှာ ဘုရားပွင့်ရေခါ ရခိုင်ပြည်ဓညဝတီကို ဘုရားသျှင်ကြွတော်မူဖို့ ထိုအခါ ထုံးစဉ်အတိုင်း ဗျာတိတ်ပီးရန်အလို့ငှာ ရခိုင်ပြည်မှာ မင်းဆက်ပြုတ်မလားဖို့အတွက် မင်းဆက်ဆက်ပီးစွာလို့မှတ်ပါ။

ထို့ကြောင့် သုတိသာနတ်ပြည်က သောနသိဒ္ဓိယနတ်သားကိုပင့်ပြီးကေ သစ္စိနမင်းကို တောထွက်အောင် လုပ်လိုက်စွာပါ။ ယင်းမှာ သစ္စနနန့်ဣန္ဒာမာရယုရို့ဇနီးမောင်နှံနှစ်ဦး ပျော်ပါးနီကတ်ကေ တခါလည်းဆုံးဖို့မဟုတ်လို့ ကုလားတန်မြစ်မှာရီချိုးရေခါ မြစ်မှာတယောက်တခြားမျိုးလို့ပါလားခစွာပါ။ လင်သစ္စနက ဇာကိုရောက်လားလဲမသိ၊ ဣန္ဒာမာရယုကလည်း ဇာကိုရောက်လားမှန်းလဲမသိ ဆိုခါ ကျန်ရစ်တေ သုံးနှစ်သားအရွယ် မာရယုမင်းသားငယ်က တငိုငိုနန့်နီရေလတ်။ ယင်းခါ မြိုတောင်မင်း ငအောင်ကလည်း တောခရီးထွက်လို့လာရေ။ ထိုအခါ အချေတယောက်တောထဲမှာငိုနီရေဆိုကာ လားကြည့်ခါ အမိမဲ့သား ရီမဲ့ငါးပမာ ဒုက္ခသည်မာရယုမင်းသားငယ်ကို မြိုတောင်မင်းက ကောက်ယူမွီးစားထားပါရေ။ မွီးစားထားရေခါ မြိုတောင်မင်းမှာလည်း သမီးချေတယောက်ဟိပါရေ။ နာမည်က မဗညှာလတ်။ ဆိုအခါ မာရယုမင်းသားငယ်ကို ဒါး၊ ဒုတ်၊ လှဲအစဟိသော အဌာရသ (၁၈) ပါးသောယောကျာ်းရို့တတ်အပ်သော ပညာရပ်တိကိုသင်ပီးလို့ တောင်မင်းရာထူးကိုပီးလိုက်သဖြင့် ဝါးအလုံး (၁၀ဝ) တိုင်အလုံး (၁၀ဝ) ရို့ဖြင့် မာရယုမင်းသားငယ်ကို နန်းတင်ပါရေလတ်။ ကျွန်တော်စီ မကြာမကြာပြောပါရေ။ ဒေအကြောင်းကို။ ထိုအခါ ဓညဝတီပြည်ကြီးကို တည်ထောင်ပြီး ဗုဒ္ဓဂေါတမပွင့်ဖို့စွာကိုအကြောင်းပြုလို့ သိကြားမင်းဖန်ဆင်းပြီးကေ သံလျက်တော်ကို ဆက်သက်လီပါရေ။ ဆက်တေခါ ဒေချက်မှာပျော်ပိုက်နီကေမဖြစ်ဆိုရေခါ နောင်မှာ သမီးမဗညှာနန့် ပေါင်းဖက်လို့ သမီးချေတယောက်မွီးကျန်ရစ်တေ။ နာမည်က (မာရ)။ သူရို့မြို့စကားနန့် (အမာရ) လို့ခေါ်ပါရေ။ အဖအသူလဲ။ သကျသာဂီဝင်မင်းသား ရခိုင်မင်းမျိုးကဆင်းလာရေ။ အမိဝါ မြိုတောင်မင်းကြီးသမီး မြိုမ။ ရခိုင်သားနန့်ရကေ ရခိုင်သားကပျက်မချေတယောက်ကျန်ရစ်တေ။ မြိုထက်ဝှက်၊ ရခိုင်ထက်ဝှက်။

ကိုင်ယေကေ မြိုဇာဖို့ခွဲချင်ကတ်လဲ။ မိန်းကြည့်ကေ ဖေသာမဟိလား၊ ဟိပါရေလတ်၊ နောက် ကျွန်တော်ရို့ မဟာမြတ်မုနိဘုရားကြီးကို သွန်းပြီးရေနောက် မင်း (၁၀၁) ပါးထီးဆောင်းလို့ စန္ဒာသူရိယမင်းအပြန်မှာ လက်ဆောင်ပီးပါရေ။ ဇာပီးလိုက်တေလဲ၊ မြိုမင်းကို နဗက်ကြီး (၉) ရံပီးလိုက်တေ။ ငွေလက်ကောက်နှစ်ရံ ပီးလိုက်တေ။ လောင်ဗွန်းတချပ်ပီးလိုက်တေ။ ကြီးဟင်းဇားနှစ်လုံးပီးလိုက်တေ။ ထိုအခါ ပျော်လို့ မြိုတိကောင်းကောင်းမကကတ်လားဆိုခါ ကပါရေလတ်။ ယင်းလက်ကောက်တိဟိပါသိယင့်လားဆိုခါ ဟိပါရေလတ်။ နားဋောင်းကို တောင်မင်းကဆုံနန့်ထောင်းလို့လည်းမပျက်လို့ ဝတ္ထုပြောလာပါသိမ့်ရေ။ မြိုတောင်မင်းက ယင်းပိုင် ဘုရားလက်ထက်ကပင် ရခိုင်အမျိုးနန့်ဆက်ပြီးလာစွာ ဘုရားပွင့်ခါလည်း မြိုနန့်ဆက်ပြီး ဗုဒဘာသာဖြစ်လာစွာပါ။

အဂု ကိုယ်ရို့မြိုအမတ်လောင်းကနီပြီး ခရစ်ယာန်ဝင်လာခါ ထားပါဖိ။ မခံချင်ဗျာဆိုခါ မြိုလူကြီးခြောက်ယောက်စွာ အဝတ်ဖြူဝတ်ပြီး ခေါင်းပေါင်းကြီးတိနန့် ကျွန်တော်ရို့နန့်တတူ ဝတ်လို့စားလို့ လိုက်လတ်ပါရေ။ ဇာဖြစ်လို့ ဖြစ်ရပါရေလဲဆိုကေ ကျောက်တော်၊ မြောက်ဦးပိုင်းမှာ မဲဆန္ဒသျင်ငါးသောင်းနန့် နှစ်ထောင်ဟိပါရေ။ မဲဆန္ဒပီးဖို့လူပါ။ ဆိုခါ ကုလားမောင်မောင်ခင် (လွှတ်တော်တရားယုန်း ဗဟိုရှိနီချုပ်) သူက ကိုယ်စားလှယ်၊ သူ့မှာ ကုလားဘလောက်ဟိရေလဲဆိုကေ (၁၂၇၀ဝ) ဟိပါရေ။ မြောက်ဦးမော်လဗီနန့် ကျောက်တော်မြို့မှာ သူရို့ဟိပြီးသားပါ။ ဆိုင်းဘုတ်တင်ဖို့မလို။ ဘလောက်ကောင်းလဲဆိုရေခါ မြိုခေါ်ခမီးအမျိုးသား ကျော်ဇောလှ၊ မြောက်ဦးမြို့မှာ စာသင်ခပါယင့်။ သူ့မှာအားလုံး (၉၇၀ဝ) ဟိပါရေ။ မဲဆန္ဒသျှင် သူ့မှာလည်း သီးခြားတက်နီရေ။ (၉၇၀ဝ) နန့် (၁၂၇၀ဝ) ပေါင်းလိုက်ကေ (၅၀ဝ၀) မဲကို နှုတ်လိုက်ပါ။ တစညပါတီမှာ ဘဇောင်မဆို တရားသူကြီးဥက္ကဌ၊ ကောင်စီဥက္ကဌသားသမီး (၃၀) က (၅၀) ရွာတိုင်းရွာတိုင်းမှာ မဟိပါလား၊ ပြိုလို့ ထွက်လို့မလားနိုင်ပါ။ ဟောစရာကလည်းမလို၊ ပြောစရာလည်းမလိုပါ။ သူရို့ ကျော်တော်မြို့နယ်မှာ ရွာပေါင်း (၃၃၅) ရွာဟိစွာမှာ ခွဲပစ်လိုက်ကေ ဘလောက်ဖြစ်လာပါလဲ၊ (၁၇၀) လောက်ဖြစ်ပါရေ။ ယင်းကို တစညလူ (၅၀) နန့်မြှောက်လိုက်ကေ အလျော့မဲလို့မှတ်ပါ။ အေအချက်စွာ ကျွန်တော်ရို့ မဲချင့်ချိန်စွာပါ။

မြောက်ဦးမြို့မှာ ယ္ခုထက်ထိမဟိပါသိမ့်။ မဟိကေ ကုလားပါးမှာယှုံးပါဖို့။ စည်းရုံးပုံကမတူပါ။ ဆိုခါ လျော့မဲဘလောက်ကျန်လိုက်တေ (၂၀ဝ၀ဝ) ဆိုလိုက်ပါဖိ၊ (၂) သောင်းကို ကိုယ်စားလှယ် (၄) ယောက်ကဝီပါဖို့။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်ဆိုခါ တယောက်ကို (၇၀ဝ) လောက်စီရလိုက်ပါဗျာ။ ယေကေ မဲအများဆုံးအသူလဲ။ ကုလား (၁၂၀ဝ၀) ရဗျာဆိုကေ ကျောက်တော်မြို့သားတိပြိုပါယေနန့်ရာ။ ဆိုခါ အဂုဆင်းလို့ ဝါကျီးတိပါဆင်းလို့စုဖြစ်ကတ်ပါရေ။ ကျောက်တော်မြို့လယ်မှာ တရားဟောရေခါ ကျွန်တော်ဟောခစွာပါ။ ကျောက်တော်မြို့ကိုစည်းရုံးလို့မရ၊ လူတတ်တိ ရေဒီယိုနားထောင်ရေ။ အောင်ဆန်းစုကြည်ကိုကောင်းရေလို့ အထင်ကြီးနီရေ။ တစညပြန်နိုင်ဖို့လားမသိလို့လည်း ကြောက်ကတ်ပါရေ။ ကျွန်တော်ဟောခါမှ ကျောက်တော်မြို့လေးခွဆုံမှ ပြိုထွက်လာပါရေ။ အဂုလုပ်ကတ်ရဖို့။ နက်ဖန်ခါဆိုကေ ကုလားအောက်ကိုရောက်လားပါလိမ္မည်လို့ ကျွန်တော်ယှင်းပြခါမှ။ ယကေ ဇာလုပ်ကတ်ရဖို့လဲလတ်။ ကျွန်တော်က ကုလားမဲဆန္ဒသျှင် (၁၂၀ဝ၀) ဆိုကေ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မဲပြား (၁၅၀ဝ၀) ရမှနိုင်ပါဖို့။ ယင်းတွက်နန့် အဂုရောက်ဟိလာကတ်တေ ကျောက်တော်မြို့သားမဲဆန္ဒသျှင်တိစွာ မဲပြား (၁၅၀ဝ၀) ထက်မနည်းစီဖို့ အိမ်တိုင်းလူတိုင်း အိပ်သွန်ဖာမှောက် ကြိုးကြိုးစားစားနန့် ကိုယ်စီကိုယ်ငှ ကျွန်တော်ရို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏သင်္ကေတဖြစ်တေ ဆီမီးခွက်ကို မဲပီးကတ်ဖို့ ကျွန်တော်ပြောကြားလိုက်ပါရေလို့ မြို့လယ်ခေါင်မှာ ကျောက်တော်မြို့သူမြို့သားတိကို အဂုပိုင် စည်းရုံးရေးတရားဟောခလီပါရေ။

ဆရာကြီးသည် ချမ်းအီးလှရေဆောင်းရာသီမှာ ပုဆိုးပါးချေနန့် စစ်တွေအကျဉ်းထောင်မှာ အလှူးအလှိမ့်ခံယင်း (၁၉၉၀) ပြည့် သြဂုတ်လ (၁၄) ရက်နိမှာ တိုင်းပြည်နန့်လူမျိုးအတွက်အသက်ပီး၍ တာဝန်ထမ်းဆောင် လားခပါသည်။ ဖက်ခွက်တိ အဆိပ်ကျွေးသတ်ဖြတ်ခြင်းကို ခံလားရပါသည်။ ဖက်ခွက်တိကို ကမ္ဘာကြီကေလဲ့ အခဲမကြီလီကဲ့ ရခိုင်သားရို့။ ကျန်ရစ်သူများမှ ဆရာကြီးအားသတိရလျှက် သျှစ်သောင်းဘုရားရှိတွင် အရိုးဇာတီတဆူ တည်ထားကိုးကွယ်ထားပါကြောင်း စာရွီးကာဂုဏ်ပြုလိုက်ရပါသည်။

အသျင်ဣန္ဒာစက္က
ဗေဒင်နှင့် သမိုင်းသုတေသီ
(၅။၇။၂၀ဝ၆)

(ရခိုင်ပြည်လွတ်လပ်ရေးစာစောင်မှ)


Title: Historical Speeches of Pandit U U Tha Tun (Part-3)
Author: Ashon Endacaka
About Author:
Date: 2/6/2005
Page Hits: 1305
Bookmark This Page: Digg this article! Del.Icio.Us this article! Reddit this article! Mister Wong this article! Technorati this article! Furl this article! Spurl this article! Netscape this article! Add this article to My Yahoo! Newsvine this article!

Comments

Not found any comment. You can be the FIRST one to write a comment for Historical Speeches of Pandit U U Tha Tun (Part-3) POST COMMENT!

Comment Form

Name:
Email:
Subject
Comment
 

Disclaimer

All views, opinions and comments expressed in the news and articles published in this website are of its own authors and they do not represent this website, its volunteers and its owner unless otherwise mentioned as Administrator, admin, Site Owner, Rakhapura.com or www.rakhapura.com.