0 comment(s) | | |
|
| | Send |
Ashon Zayandha Bodhi
7/7/2007
“လား” “လာ” ကိစ္စ အသျှင်ဇယန္တဗောဓီ ရခိုင်ဘာသာစကားထဲမှာ ရခိုင်ဘာသာစကားမှာ သဒ္ဒါစကားလုံး အမျိုးအစားကို ဘာသာဗေဒပညာသျှင်ရို့က (၃) မျိုးရာ ဟိရေလို့ ရီးသားကတ်ပါရေ။ ယင်းသုံးမျိုးမှာ ---- နာမ်လို့ ဇာပိုင်သတ်မှတ်ကတ်ပါလဲဆိုစွာ ကြည့်ကတ်ပါမေ။ နာမ်ရေ ကြိယာထက် စကားလုံး အရွီအတွက် များပါရေ။ ဇာတွက်လဲဆိုကေ ရခိုင်ဝါကျတစ်ခုမှာ နာမ်ပုဒ်ဆိုစွာ မပါမဖြစ် ပါရပါရေ။ ယင်းပိုင်ပါရေခါ နာမ်ပုဒ်တိရေ ၀ါကျတစ်ခုတည်းမှာ မကန်ပါ နိုင်ပါရေ။ အကန့်အသတ်မဟိ ပါနိုင်ပါရေ။ ယေခါလေ့ ကြိယာကျကေ တစ်ပုဒ်ရာပါစွာ တွိရပါရေ။ ယေနန့် နာမ်ပုဒ်ကများပြီးကေ ကြိယာပုဒ်က နည်းခြင်းဖြစ်ပါရေ။ နာမ် ကောင်းပါဗျာလ်၊ ရခိုင်စကားမှာ နာမ်ကိုဇာပိုင် သတ်မှတ်စစ်ဆီးပါဖို့လဲ။ တစ်ချက်ကြည့် ကတ်ပါမေ။ ဧမှာပြောစရာဟိစွာကတော့ “…. လာ” လို့ အမီးဝါကျကိုသုံးစွဲစွာ မြောက်ပိုင်းရခိုင်တိ မှာရာ တွိရပါရေ။ တောင်ပိုင်းရခိုင်ဘာသာစကားမှာတော့ခါ ပုံစံ (က) ကွက်လပ်စုံကိုရာ တွိရပါရေ။ ကြိယာ ကြီယာဆိုစွာ ရခိုင်သဒ္ဒါစကားလုံးအမျိုးအစား (၃) မျိုးအနက် တစ်ခုဖြစ်ပါရေ။ ကြိယာဆိုစွာ စကားတိ ၀ါကျဖွဲ့စာမှာ ဇာဘာသာစကားမှာမဆို သဒ္ဒါတာဝန်ကို အဓိကထမ်းဆောင်ရရေ စကားလုံးဖြစ်ပါရေ။ ကြိယာကို နာမ်နန့်ယှဉ်လို့ ၀ါကျတည်ဆောက်မှုမှာ အသုံးခံရမှုကို အခြီးခံပျာ သတ်မှတ်ပါရေ။ ရခိုင်စကားဟိ ကြိယာကို သတ်မှတ်၊ စစ်ဆေးရေအခါ ပုံစံကွက်လပ်တိကိုသုံးပနာ စမ်းသပ် နိုင်ပါရေ။ အသုံးပြုရေကွက်လပ်မှာ “…. လာ၊ …. လား”ဖြစ်ပါရေ။ အစမ်းသပ်ခံစကားရေ ယင်းကွက်လပ်မှာ ၀င်ရောင်ဖြစ်တည်နိုင်လို့ ဖြစ်လာရေ စကားလုံး အစီအစဉ်ရေ အမီးဝါကျ အစမ်းသပ်ခံစကားလုံးကို ကြိယာလို့ သတ်မှတ်နိုင်ပါရေ။ ရခိုင်စကား - ကြိယာနောက်က အမီးဝါကျဝိဘတ် “လာ”ကို သုံးရေပိုင် ၊ “လား” ကိုလေ့ သုံးစွာတွိရပါရေ။ အမှတ်စဉ် (ဂ) မှာလေ့ ၎င်းအတိုင်းပါယာ။ “ရေ” နန့် “တေ” ၀င်လာကေ “လာ”နီရာမှာ “လား”ပြောင်းလားစွာ တွိရပါရေ။ ကြိယာနောက်ဆက်ကို မဖြုတ်ဘဲနန့် အမီးဝါကျ လုက်တေအခါ အမီးဝါကျဝိဘတ်ရေ “လား”လို့ ပြောင်းလားရေသဘော ဖြစ်ပါရေ။ ရေ၊ တေ၊ ဘပိုင် “မေ၊ ဖို့”ကို ကြိယာနောက်ဆက်အ ဖြစ် သုံးနိုင်ပါရေ။ ယေနန့် ဖော်ပြပါ “…လာ၊ … လား”ပုံစံကွက်လပ်မှာ ထည့်သွင်းလို့ ၀င် ရောက်ဖြစ်တည်နိုင်ကေ “ကြိယာ”လို့ သတ်မှတ် နိုင်ပါရေ။ ၀ိဘတ် ရခိုင်သဒ္ဒါမှာ ၀ိဘတ်ကို နာမ်နန့် ကြိယာပိုင် ဖွဲ့စည်းပုံအရ အမျိုးအစားခွဲပြီး လိလာဖို့မလိုလို့ ဆိုပါရေ။ ဇာတွက်ဆိုကေ ၀ိဘတ်ဆိုစွာ ဧက၀ဏ္ဏတိရာဖြစ်တေ။ ၀ဏ္ဏတစ်ခုထက်ပိုကေလေ့ ၀ိဘတ်တွဲရာဖြစ်ကတ်တေ။ ၀ိဘတ်တွဲအတွင်းဟိ ၀ိဘတ်တိကို နီရာပြောင်းလို့ ရစွာလေဟိ၊ မရစွာလေ့ဟိပါရေ။ ယေနန့် ၀ိဘတ်ကို နာမ်၊ ကြိယာတိပိုင် ဖွဲ့စည်းပုံးအရ လိလာလို့ မရ ကောင်းလို့ဆိုစွာ ဖြစ်ပါရေ။ ရခိုင်စကားမှာ နာမ်နန့် ကြိယာမှအပ ကျန်စကားလုံးတိနန့် ရှိဆက်၊ ကြားဆက်၊ နောက်ဆက်တိကို ၀ိဘတ်လို့ သတ်မှတ်နိုင်ပါရေ။ ၀ိဘတ်ဆိုစွာ သဒ္ဒါအနီနန့် အခြားနာမ်၊ ကြိယာတိကို ကူပံ့ပီးရရေ စကားလုံး အမျိုးအစားရာ ဖြစ်တေ။ နာမ်၊ ကြိယာပိုင် အပွင့်စကားလုံးမဟုတ်၊ အပိတ်စကားလုံး အမျိုးအစားတိဖြစ်တေ။ အရွီအတွက်ပုံသီကားကျ ဖြစ်တေ။ ယေနန့် နာမ်၊ ကြိယာရို့၏ အရွီအတွက်ထက် နည်းရေ။ ရခိုင်စကားမှာ ၀ိဘတ်အမျိုးအစားက အကန့်အသတ်နန့်ရာဟိစွာ တွိရရေ။ ယေနန့်ဝိဘတ် တစ်ခုချင်းကို သဒ္ဒါတာဝန်တစ်ခုစီနန့် သတ်မှတ်လို့မရ။ ၀ိဘတ်တခုမှာ သဒ္ဒါတာဝန်ထက်ပိုပြီး ဟိနိုင်ပါရေ။ ယေနန့် ရခိုင်စကားမှာ ၀ိဘတ်ကို သတ်မှတ်ရဖို့ဆိုကေ - ၀ိဘတ်ဆိုစွာ နာမ်ကိုဖြစ်စီ၊ ကြိယာကိုဖြစ်စီ သဒ္ဒါအရ ဆက်စပ်မှုမဟိဘဲ မိမိဘာသာ သီးခြား ကွက်လပ်စွာ မရပ်တည်နိုင်ရေ ယူနစ်မျိုးရာဖြစ်တေ၊ တစ်နည်း ပုဒ်ဖွဲ့ရာမှာဖြစ်စီ၊ ပုဒ်တိကို ပေါင်းစပ်လို့ ၀ါကျဖွဲ့ရာမှာဖြစ်စီ သဒ္ဒါတာဝန်အရ ပါဝင်အသုံးခံရရေ ယူနစ်မျိုးဖြစ်တေဆိုပြီး သတ်မှတ်နိုင်ပါရေ။ ပုံစံပြရဖို့ဆိုကေ ရခိုင်စကားဟိ “နန့် (နာင့်၊ နင့်၊ န) လို့၊ က၊ ကို၊ ရေ၊ တေ၊ မေ၊ ကြောင့်၊ စွာ၊ မှာ”အစဟိရေ စကားလုံးတိရေ ၀ိဘတ်တိဖြစ်ကတ်တေ။ ဧ၀ိဘတ်တိကို သဒ္ဒါတာဝန်အရ ခွဲကေ “၀ါကျဖွဲ့ရာမှာဖြစ်စီ၊ ပုဒ်ဖွဲ့ရာမှာဖြစ်စီ၊ ဆက်စပ်ပီးရရေ စကား လုံးတိ”လို့ သတ်မှတ်နိုင်ပါရေ။ ယင်းဝိဘတ်နန့်အတူ ၀ိဘတ်လို့ သတ်မှတ်ထားရေ ရှိဆက်၊ ကြားဆက်၊ နောက်ဆက်တိကို စကားလုံးပွားယူရာမှာ အဓိက အသုံပြုရေ ၀ိဘတ်ကွဲ များဖြစ်တေလို့ ယူမေဆိုကေ ယူနိုင်ပါရေ။ အသင်နှလုံးသွင်းပြီးလိုစွာ ဖြည့်၊ ပိုစွာဖြုတ်ကတ်ပါလို့။ ချမ်းမြိပါစီ ….။ ၀န်ခံချက် မောင်ကိုလေး (မဟာဝိဇ္ဇာ) ဧ့မြန်မာသဒ္ဒါ (ဘာသာ ဗေဒလေ့လာချက်) ပါရဂူတွဲ့အတွက် တင်သွင်းရေကျမ်း ၂၀၀၃၊ မတ်လကို အမှီပြုပါရေ။ အသျှင်ဇယန္တဗောဓိ မူရင်း=အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂင်း အတွဲ(၂)အမှတ်(၁)
သဒ္ဒါစကားလုံး သုံးမျိုး
အခုတင်ပြဖို့ဖြစ်တေ ရခိုင်သဒ္ဒါအမျိုးအစားရေ ရခိုင်မြောက်ပိုင်း ဘာသာစကားကို အခြီခံပနာ တင်ပြထားစွာ ဖြစ်ပါရေ။ ယေနန့်တောင်ပိုင်းအသုံးအနှုန်းနန့် အကွာအ၀ီးဟိပါရေ။ လိုအပ်စွာ ကို ဖြည့်ပီးကတ်ပါ။
၁။ နာမ်
၂။ ကြိယာ
၃။ ၀ိဘတ်ရို့ဖြစ်ပါရေ။
နာမ်လို့သိရအောင် - (က) “….လား၊ ….လား” ကွက်လပ်အစုံနဲ့
(ခ) “….လာ၊ ….လား” ကွက်လပ်အစုံ ကိုအသုံးပြုလို့ စစ်ဆီးကြည့်ကေ၊ ယင်းကွက်လပ်မှာ အစမ်းကိုအသုံးပြုလို့ တစ်နည်းဝင်ရောက်ဖြစ်တည်နိုင်ကေ၊ အမီးဝါကျအစုံ ဖြစ်လားကေ နာမ်လို့ဆိုနိုင်ပါရေ။
ရခိုင်စကားမှာ………………
ဦး၊ ကြောင်၊ မြို့၊ ရွာ၊ ကျောင်း၊ အိမ်၊ အင်း၊ အိုင်၊ မီး၊ ရီ၊ လောင်း၊ သမ္ဗန်၊ ခြီထောက်၊ မျက်နှာ စသည် …. စသည် ….
(က) ဦးလား၊ ကြောင်လား
မြို့လား၊ ရွာလား
ကျောင်းလား၊ အိမ်လား
အင်းလား၊ အိုင်လား
မီးလား၊ ရီလား
လောင်းလား၊ သမ္ဗန်လား
ခြီထောက်လား၊ မျက်နှားလားဆိုပြီး တွိရပါရေ။ တစ်ခါ အထက်ကဖော်ပြရေ ကွက်လပ်အစုံကို ရှိနောက်ပြန်ကြည့်ကေ…….
(ခ) ကြောင်လာ၊ ဦးလား
ရွာလာ၊ မြို့လား
အိမ်လာ၊ ကျောင်းလား
အိုင်လာ၊ အင်းလား
ရီလာ၊ မီးလား
သမ္ဗန်လာ၊ လောင်းလား
မျက်နှာလာ၊ ခြီထောက်လား
ဆိုပြီးတွိရပါရေ။
ပုံစံ (၂) ကွက်လပ်စုံကို မတွိရပါ။
(က) “စား၊ လား၊ ကြည့်၊ မြင်၊ စီး၊ နင်း”
(ခ) “ချက်၊ ပြုတ်၊ တိုက်၊ ချွတ်၊ သတ်၊ ပုတ်”
(ဂ) “သနား၊ ကြင်နာ၊ စော်ကား၊ ပုတ်ခတ်”တိကို တွိနိုင်ပါရေ။
(က) စားလာ၊ လားလာ၊ ကြည့်လာ၊ မြင်လာ၊ စီးလာ၊ နင်းလာ
(ခ) ချက်လာ၊ ပြုတ်လာ။ တိုက်လာ၊ ချွတ်လာ၊ သတ်လာ၊ ပုတ်လာ။
(ဂ) သနားလာ၊ ကြင်နာလာ၊ စော်ကားလာ၊ ပုတ်ခတ်လာ။
ဖော်ပြပါအမီးဝါကျမှာ ကြိယာနောက်ဆက်ကျနီ စွာကို တွိရပါစေ။
အမှတ် (က) ကိုကြည့်ပါ။
စားရေ၊ လားရေ၊ ကြည့်ရေ၊ မြင်ရေလို့ တွိရပါရေ။ ယင်းနောက်က အမီးဝါကျဝိဘတ် “ လာ”ကို ထည့်ရေအခါ ကြိယာနောက်ဆက် “ရေ”ပျောက်လားပါရေ။ ထိုနည်းပါပျာ၊ အမှတ်(ခ) မှာ ချက်၊ ပြုတ်၊ တိုက်၊ ချွတ်၊ သတ်၊ ပုတ် ကြိယာနောက်ဆက် ”တေ” ပျောက်လားပါရေ။
အမှတ်(ဂ) သနားရေ၊ ကြင်နာရေ၊ စော်ကားရေ၊ ပုတ်ခတ်တေဆိုပြီးကေ “ရေ၊ တေ”ပျောက်နီစွာကို တွိရပါရေ။
အကယ်၍ရာ ကြိယာနောက်ဆက် မကျပျောက်ဘဲ အမီးဝါကျလုပ်ကေ “လာ” ဆိုရေ အမီးဝါကျ ၀ိဘတ်အစား“လား”ဆိုပြီးကေ ပြောင်းသုံးပါရေ။ ဥပမာ - အမှတ်စဉ် (က)
စားလာ အစား စားရေလား
လားလာ အစား လားရေလား
ကြည့်လာ အစား ကြည့်ရေလား
မြင်လာ အစား မြင်ရေလား
စီးလာ အစား စီးရေလား
နင်းလာ အစား နင်းရေလား
ဆိုပြီးကေ “လာ” ကနီပနာ “လား”ကို ပြောင်းလားစွာ တွိရပါရေ။ အမှတ်စဉ် (ခ)မှာကျကေ ကြိယာနောက်ဆက် “တေ”က ကြိယာနောက်က ၀င်လာရေအခါ အမီးဝါကျဝိဘကတ် “လ”ကနီပနာ “လား”ကို ပြောင်းလားပါရေ။
Title: Analyzing Arakanese grammer
Author: Ashon Zayandha Bodhi
About Author:
Date: 7/7/2007
Page Hits: 1293
Bookmark This Page: