3 comment(s) | | |
|
| | Send |
Lu Htwan Pha
7/7/2007
ဥဒါန်းကျီအံ့လော အိုပြည်သူ
ထလော့ပြည်သူ နဖူးလက်တင်။ မစဉ်းစားခင်က နန်းအမွရ။ ဘ၀သျှင်။ မောင်ဝိုင်းတွင်၏ သီလီမကြွင်း။ လူခပင်းရို့  ပုံဘိတောင်နှယ်။ ကောင်ပုတ်ဝယ်ကား နှစ်လိုပျော်ပါး။ လင်မယားကို ဤသောစာဟောင်း။ သမိုင်းကြောင်းဟိ နာလော့ပြည်သူ။ အိုပြည်သရို့  သူနာသူအို။ ကျိုးကန်းကိုကား ပင်လယ်ကမ်းစ။ သဲသောင်လွမှာ နာလော့ပြည်သူ။ အိုပြည်သူ ထလော့ပြည်သူ ထိုစဉ်ခါက အိုပြည်သူရို့ မောင်ရစ်လျှင်ဗန္ဒုလ။ လူ့ဗာလသား မှတ်လော့ပြည်သူ စစ်ဆင်စစ်တက်။ အသီခံထွက် စပါးဆန်ရီ။ ဘ္ဂာမºကင်း မြို့ရွာတည်ပြန်။ အင်းလေးကန်တော် ယင်းကတဖန်။ မြို့တည်ပြန်သည် မှတ်လော့ပြည်သူ။ ဗမာဟူသည် မှတ်လော့ပြည်သူ။ ဗမာဟူသည် ထလော့ပြည်သူ။ အိုပြည်သူ တောင်မင်းကျော်ထွီး။ စစ်ကဲအိမ်ရှိ့ ဒါးပြန်စီးခေါ်။ စဖိုဝေလဋင် ထိုကတဆစ် မှတ်လိုက်ပြည်သူ။ နှလုံးမူလော့ မြ၀တီဦးစ။ အမည်သညာ ဗမာဝန်မင်း နာလော့ပြည်သူ။ အိုပြည်သူ
ပြည်သူထလော့။ နိုးထလော့
ထလော့ပြည်သူ။ နယ်ချဲ့ ဟူသမျှ
ဆန့် ကျင်ကြရန်။ မောင်းထုတ်ရန်နှင့်
တွင်းရန်ပြင်ရန်။ ရန်ဟူသမျှ တိုက်ကြဖျက်ကြ ။
ကျွှန်သက်နှစ်ရာ။ ဘ၀တာ၌
တိုင်းပျက်ပြည်ပျက်။ လူမျိုးပျက်၍
အကျင့်သိကွာ။ ဖျက်ဆီးလာလည်း
သီလမဏ္ဍိုင်။ ရခိုင်ရက္ခ။ စောင့်လျှောက်ကြလော့၊
မျိုးဖျက်ရန်သူ။ အကြံဟူသမျှ။ ဆန့်ကျင်ကြ ။
ငါပြောပြမည်။ အိုပြည်သူ
လက်ဝါးတွင်းဖေါက်။ ကြိမ်ကြိုးလျှောက်သီ
တစီတတန်း။ လူသိန်းသန်းနှင့်
သျှင်ပင်မုနိ တုမဟိကို
ဆောင်ယူဘိသည်။ ဗမာပြည်သို့ 
ထိုစဉ်ခါက။ နန်းအမွရ ပြည်ဌာနဟုဆိုလတ်၏ ။
မောင်ဝိုင်းဆိုတိုင်း။ ရခိုင်တိုင်းတွင်
မယွင်းဤမှာ။ နိန်ရာထိုထို။ ရခိုင်ဆိုလျှင်
အရှင်လတ်လတ်။ ဂေါင်းကိုဖြတ်၏
ကွပ်ညှပ်သုတ်သင်။ ဒါးစီရင်၏
ကုန်စင်အောင်သတ်။ မလွတ်ပြီးချောင်
ကောင်ပုတ်တောင်နှယ် ပုံလီ၏ ။
ချင်းချင်းနွီးနွီး။ ကနိ့မွီးသား
သားထွီးသားငယ်။ နုနုငယ်ရို့
ပြုံးရယ်ရင်ဘိ။ မေမသိကို
မြီးမိထံက။ ယူပြီးမှလျှင်
လက်နှင့်ကိုင်မြောက်။ ကောင်းခင်ရောက်မှ
အောက်ကတဖန်။ ဒါးကိုလှံ၍
ခံပြန်ပြီးခါ။ ပြုသည်မှာကြောင့်
ကျကာမလွဲ။ ရဲရဲသွီးစက် အအူထွက်၏
တချက်မြီ၌။ လှံကိုစိုက်၍
ခံလိုက်တံကျင်။ ဖင်က၀င်၏ ။
လူငယ်တသောင်း။ လူကြီးပေါင်းလျှင်
တသိန်းရှစ်သောင်းစွန်း။ လေးထောင်စွန်း၏ ။
ပေါင်းကြအတူ။ မထားမူဘဲ
ဆွဲယူရိုက်သတ်။ နားသွားတပ်လျှက်
ပူးပွတ်ချိုင်နှောင်။ ကြက်ကိုလှောင်သို့ 
ပုံဆောင်ပမာ။ ယူကြပါ၏
များစွာခွတ်ထစ်။ သတ်ပစ်လျှက်
အချစ်ဝါသနာ။ မဟိပါငြား ပျူအောက်သားသည်
စကားမုသားဝါဒီတည်း၊
ဟိ့ကြောင်းဤသည်။ ထိုသည်သာဓက
မမိ့ကြနှင့်။ သတိဟိ့ကြ။ နာကျိန်းကြလော့၊
အမျိုးမာန။ နိုးထကြ၊ ၊
နားကိုစွင့်လော့။ နားစွင့်လော့
ရိုးမတ၀ှန်း။ မြစ်ကမ်းပင်လယ်
လယ်ကွင်းမြို့ ပြ၊ တောကအုံက ဇနပုဒ်က
ငိုသံသဲ့သဲ့။ အင်အားမဲ့စွာ ပင်ပန်းစွာဖြင့်
ရခိုင်သူမ။ ငိုချိုက်ရ၏၊
အောက်သားဗမာ။ ရိုင်းပြစွာနှင့်
ဗလက့ာယ၊ ပြုကျင့်ကြပြီ။ ကနိ့ ဆီထိ့
ချောင်းနွယ်မြစ်မ။ ရီလျှံကျသို့ 
ရခိုင်သူမ။ ကျသည့်မျက်ရည်
ထိုမျက်ရည်တွက်။ သမိုင်းကြွီးလျှင်ဟိသိမ့်၏ ။
မှတ်လော့ပြည်သူ။ ရခိုင်ဟူသမျှ
နာကျိန်းခံခက်။ ဟိကြလော့  ။
မလိုပိတ်ထား။ တိုက်လုပ်ငြား၍
သွင်းထားအပြည့်။ ယမ်းဆီးထည့်လျှက်
မြီ့မြီ့ညက်ကြီ။ မီးတိုက်စီ၏ ။
အဆိပ်ငွေ့ လွှတ် သတ်သည့်ပညာ
ဂျာမန်ဖက်ဆစ်။ နောက်မှဖြစ်သည်
စစ်ရှိ့ သမိုင်း။ အရိုင်းဗမာ။ ကျင့်ခပါ၏ ။
ဖြားရီကျခါ။ ၀ါးခြံကာ၍
ချိုင်ကာနှောင်ထား။ လူအများမှာ
ဖြားရီတက်ခါ။ မြုပ်လို့ သီရ
ကယ်ပါယူပါ။ တစာစာ
အော်မြည်ဟစ်ကြွီး၊ ရင်တီးလက်တင်
အသက်ငင်၍။ ထိုတွင်ခဏ ခန္တာတြွင်း၏
ရင်ကိုခွဲ၍။ အသဲကိုကင်
အအူကိုထုတ်။ အရီဆုတ်နီလှန်း
ယုံတမ်းစကားမဟုတ်
အယုတ်တမာ။ မိစ္စာကောင်ရို့ 
မယုံအောင်ရက်စက်။ ခွီးဝက်လင်းဒ။ ၀ အောင်ကျွေး၏ ။
ဗဟိုစည်နှင့်။ နန်းမနန်းဆောင်
ကျောင်းကန်ဇာတီ။ သိမ်ကြီးဇရပ်
ပြ၏ဒ်တန်းဆောင်။ မောင်းခေါက်နာရီစင်
တော်ဝင်ခန်းနား။ သပ်ယပ်ရွာရို့ 
မြို့ ရိုးတံတိုင်း။ တုနှိုင်းမဟိ
ပိဋိကတ်တော်။ ကျမ်းတော်အစုံ
အကုန်မီးတိုက်။ မပြီးမကျန်
မြီလှန်ဖျက်ဆီး။ ဆင်ကြီးမြင်းကြီး
သမီးကညာ။ ဥစ္စာရွှီငွီ
ရန်ကာပြောင်းအမြောက်
အောက်သားလုယူ။ လူရှင်ပညာဟိ
ဗေဒင်တတ်ဝှရား။ ဆီးသမားပန်းထိမ်သည်
ယိုင်စင်သျှင်နှင့်။ ပန်းချီနှင့်
ကြီးသွန်းတတ်နှင့်။ ဆောက်ခတ်နှင့်
ဗိသုကာတတ်။ အတတ်သည်မျိုးစုံ
မတ်မျိုးမူးမျိုး။ စစ်ထိုးအတတ်
နပမ်းသတ် လက်ပန်းသည်
သူကွယ်သူဌေး။ သူရဲခြီသည်
ကြီးရီဇုန္ဒာတ်။ ခြီချင်းခတ်၍
သုံးပန်းကွပ်ညှပ်၊ ယူဆောင်လတ်သည်
ပြည်ကြီးဓည။ သုဉ်းသုံးဝ၊
ပြည်သူထလော့။ နာခံလော့
လှိုင်းသံလီသံ။ သောသောညံ၍
ရီပြင်လှိုင်းကြား။ ဆံဖျားသက်စွန့်
လူးလွန့်မှောက်တုံ၊ လွတ်မြောက်တုံ့နှင့်
တပြည်ဘင်္ဂလား။ ပြီးလွှားချောင်ပုန်း
အုံးကြွက်ဆူညံ။ ဟေ၀န္တာခရီး
တောကြီးမျက်ရှင်။ လိပ်ပြာစင်မျှ
ကျားဆင်သားရဲ။ ဘေးကိုချဲ့၍
ခဲဖွယ်ထမင်း။ ကင်း၍မင
ငတ်ကြပြတ်ကြ။ သီကြီကြနှင့်
ကျားဟောက်လောင်းမှောက်
သက်ပျောက်ကတ်လီ၊ သီကတ်လီ။ ။
ရခိုင်စစ်ပြီး။ ဘေးကင်းဝီးရာ
ပုန်းခွာချောင်ပြီး။ စာရင်းရွီးသူမဟိပါ၊
နိုင်ငံတကာ မသိခပါ၊
သိန်းသန်းလူခပင်း
ကယ်သူကင်း၍။ ချင်းချင်းကြီကြီ
အသီအပျောက်။ ထောင်သောင်းမြောက်၊ ၊
နာခံကြလော့။ နာကြလော့
နားကိုစွင့်။ သတိဝင်လျှက်
အမျိုးမာန။ နိုးထကြ၊
ပန်းဂေါ်သဇင်။ တော်ဝင်ပန်းမျိုး
တမျိုးတသီး။ သားကြီးငါးကြီး
ကျောက်ကြောမချန်။ ဘဏ္ဍာဆက်သွင်း
မယွင်းမပျက်။ ပီးဆက်ရတုံ။ ကမ်းရတုံနှင့်
ကုံလုံပြည့်ဝ။ ပြည်ဓည၏
စပါးဆန်ရီ။ ကျီလှောင်အပြည့်
ဖြည့်ဆီးယူငင်။ ပြည်ဗမာသို့။
ကုလားဖြူကို။ စစ်ချုံးသည်နှင့် မုန်းသည်နှင့်၊
အပြီးဆုတ်လှမ်း။ စစ်ဦးလမ်းမှာ
ထောင်းထောင်းကြီညက်။ ပြည်ကိုဖျက်၏၊
သက်ဟိသက်မဲ့။ အကြောင်းမငဲ့စွာ
စုပုံသတ်ဖြတ်။ စာရင်းမှတ်ယူ။ သန်းကျော်ဟူ၏၊
ကုလားမနိုင်။ ရခိုင်ကိုမီး
တရားမဲ့လုပ်ရပ်။ ကိုပင်ရို့မိန့်ကတ်ဖို့လား။ ။
ပြည်သူနာလော့။ နာခံလော့
စစ်ကိုင်းဖက်ကမ်း။ မင်းကွန်းဇာတီ
မိတ္တီလာကန်တော်။ မြို့တော်လမ်းခင်း
တွင်းတူးမြီပေါက်။ တာရိုးဆောက်ဖို့
ထင်းခွတ်အုတ်ဖုတ်။ အလုပ်ကြမ်းမျိုး
လွှထိုးမောင်းငင်။ တစင်တသီး
မူးကြီးမတ်ပေါင်း။ အိမ်ကောင်းအိမ်ကြီး
ကျွန်သီးသဘောက်။ အောက်ကျဝပ်စင်း
နင်းခြီခြည်ပင်၊ ၊
ယိုးဒယားချီ။ စစ်သည်အòဖက်
မလိုက်မဟိ။ လိုက်ရဘိသည်
ချွေးတပ်သားနှင့်။ ကူလီနှင့်
ကျွန်သဘောက်နှင့်။ ဓါးမောက်နှင့်
ရခိုင်သားနှင့်။ သင်္ချိုင်းနှင့်၊ ၊
ခပင်းလူသူ။ တောင်းယူကြိမ်ဖန်
မြို့တည်ပြန်ဟု။ တဖန်လူငယ်
ယောင်္ကျားငယ်မျိုး။ ဓါးမိုးယူငင်
အမျိုးကိုဖြတ်။ ဗမာဇာတ်သွင်း
အလျင်းမရောက်။ အောက်သားဖြစ်ခြင်း
လူနှောခြင်း၊ ၊
လောင်းလှော်ရပ်စောက်။ တချောင်းထောက်ခြီ
အံ့လောက်သည်လော့
မှတ်လော့ပြည်သူ။ စဉ်းစားလော့၊
ရွာတည်ချပြန်။ ကန်တော်အင်းလေး
ရှမ်းပြည်ထဲ့။ ယခုအင်းသား
ဆင်းသက်ပေါ်ပေါက်။ ဇာကရောက်အံ့
အကြောက်အလန့်။ မ၀ံ့မစား
အောက်သားမင်းလျှင်။ ဆင်တတ်မြင်းတတ်
စစ်တတ်ပညာ။ ဇုန္ဒာဇုန္ဒာတ်
စစ်ကွပ်စစ်ကဲ။ အမြဲကျော်သီး
ပြည်စိုးကြီးများ။ ပုန်ကန်မည့်အရေး
ကြောက်သောအားဖြင့်။ အနှောက်အယှက်
ချူပ်ချက်ခတ်ထွီး။ ပြည်ထဲရေးတွက်
ဘယ်လက်ကိုဖြတ်။ ရှမ်းရပ်သို့နှင်
အင်းလေးခွင်ဒေသ။ ရွာတည်ချသည်
အစဉ်မှန်စွ။ မျိုးရက္ခ၊
ဘယ်လက်ဖြတ်တောက်။ ကန်ထောက်ဘယ်ခြီ
လောင်းလှော်အားစိုက်။ စိုက်လိုက်မတ်တပ်
တက်ခပ်ရသည်။ အမြင်မှာဆန်း
တန်းရပ်ခြီထောက်။ အံ့လောက်စဖွယ်
ဥာဏ်ရေးကြွယ်၏ ။ ။
မင်းတုန်း။ ပန်းတောင်း (ပဒေါင်း)
လောင်းရှည်။ ယော။ ဆော။ စိမ့်တောမြိုင်ယံ
နိုင်ငံရပ်ထီး။ အနီးအ၀ီး။ သတင်းပီးရန်
တပ်တည်ရန်နှင့်။ ရိက္ခာထောက်ဖြန့်
စစ်လမ်းငင်၍။ ခရီးဆန်၏
ကန့်ဘလူ။ စစ်ကိုင်း။ ဖအိုင်း။ ငဖဲ
ယောသား။ ဆောသား။ စကားရခိုင်
ယိုင်စင်ဟိ၏။ ကျောင်းဟိ၏၊
ပန်းထိမ်သည်နှင့်။ ကြီးသွန်းဟိ၏၊
စစ်ကိုင်းအနား။ ရွှီကြက်နှစ်ဆူ
အမရပူရ။ အိမ်မခြံဝင်း
တသင်းယိုင်စင်။ ထဲဝင်နာမ
အမည်တည်ဟိတ်။ ကြိုးချိတ်ပုဆိုး
လွန်းမျိုးတရာ။ ခေါ်အပ်စွာသည်
ပညာရခိုင် ယိုင်ရှင်တည်း၊ ၊
ဂျပ်ခုတ်ယက်ကန်း။ ခါးကြိုးလောက်မှ
တတ်ကျွမ်းလှ၏၊
ရခိုင်ရောက်မှ။ အစဆင်၍
ယိုင်စင်တတ်မျိုး။ ကြိုးချိတ်လုံချည်
တတ်အပ်သည်တည့်၊
ငွီသွန်းကြီးသွန်း။ ဒင်္ဂါးသွန်းမှု
အနုလက်မှု။ သွန်းမှုပညာ။ ချို့တဲ့ပါ၏၊
ဗမာဒင်္ဂါး။ ဆိုစကားမဟိ
မူးစိမတ်စိ။ ကျပ်ခွဲသပြာ။ သုံးလိုပါမူ
ဖါလာချိန်ခွင်။ အလီးတင်၍
ငွီစင်အတုံး။ ညှပ်ဖြတ်သုံး၏၊
ဓလေ့ဤရွာ။ ပြည်ဗမာ၌
ပုံတော်ဒင်္ဂါး။ သွန်းသည်များမှာ
ဒင်္ဂါးပညာ။ ဆရာအစစ် ရခိုင်ဖြစ်၏၊ ၊
ပြည်သူထလော့။ စဉ်းစားလော့
ပြည်ကြီးသမိုင်း။ ရက္ခတိုင်းနိုင်ငံ
အမှန်ကျွန်ဖြစ်။ ကျွန်တွင်းနစ်ကာ
ဟိလီပါလည်း - -
ပြန်လှန်တိုက်ခိုက်။ မျိုးချစ်သူရဲ
ချီဝှဲအံ့ဖွယ်။ ကယ်တင်ဖူး၏၊ ကယ်ဖူး၏၊
ရဲဘော်သည်နှင့်။ ကျော်ဇံနှင့်
ဘားရှီ မုဇုန္ဒာတ်။ သာမကောင်းစံရွှီ
ကောင်းညွှန့်ရန်ဒိုင်။ ရန်ချင်းပြိုင်၍
အနိုင်စိုက်ခင်း။ လူခပင်း လျှင်
ပါဝင်သည်လော့။ တိုက်ပြီလော့၊
သွီးကြီးဆပ်မည်။ ကြံစည်သည်တည့်
မြရောင်ပင်လော့။ ထွန်းရောင်လော့၊ ၊
စစ်ဆင်သည်ကား။ တိုက်ပြီလား
အိမ်ရှိ့မင်းဟု။ သက်စံရွှီနှင့်
မင်းချိုက်လှရှီ။ ဇာနီသားကောင်း
မျိုးချစ်ပေါင်းရို့။ သောင်းသောင်းညံလျှက်
သွီးလောင်းသံမြောက်
အောက်သားကိုသတ်။ သတ်ယင်းနှင့်သီ
တပ်ဦးမြီမှာ။ သက်စွန့်ခပါ၏။ ။
သက္ကရာဇ်တွက်။ တထောင့်ခုနှစ်ရာ
ကိုးဆယ့်လေးဟု။ သမိုင်းစဉ်တင်
သခင်ပေါလုံး။ အားစုရုံး
တကာင်နိုင်။ အ၀င်ခွက်ပေါက်
ရင်ဆိုင်မြောက်၍။ ထွင်းဖေါက်တော်လှန်
ဝိညာဉ်အသက်။ ကားစင်ထက်မှာ
သွီးစက်လက်နှင့်။ ရက်စက်စွန့်ခွာ
ခနာပြောင်းလည်း။ ဦးမညွတ်၊ ၊
ချင်းပျံချင်းချီ။ အစ်ကိုညီနှင့်
စုံညီမယွင်း။ ခပင်းလူဗိုလ်
သတင်းဆှို။ တိမ်ကြားဗိုလ်မင်း
ယောက်ဖတော်ဟု။ လက်ရုန်းတော်ဗိုလ်ချူပ်
ဿကးကုတ်အားဖြင့်။ တိုက်၍ဆိုင်ပြိုင်
နိုင်လိုက်ချုံးလိုက်။ ပြည်သိမ်းလိုက်နှင့်
တဗိုလ်တက်ဆင်း။ တပ်မင်းဒိုးအောင်ကျော်
အသက်နှံစစ်ကွပ်မင်း။ သွီးချင်းရဲရဲ မီးခဲတမျှ
တောက်ဆဲတောက်လောင်။ အလျှံပြောင်သည်
အောင်စစ်သည်နှင့်။ ချင်းပျံနှင့်။ ။
အလုံဝန်ဗနုလ။ စသည်တပ်မှုး
စစ်ကျူးတက်ဆုတ်။ အနှုတ်အသိမ်း
တိမ်းစောင်းသည်နှင့်။ မှောက်သည်နှင့်၊
ချင်းပျံလက်အောက်။ မြောက်ဦးရောက်.။
ရောက်ပြီးလွတ်ပြန်။ စဉ်ဆက်ကြံသည်
အောင်လံမလဲ။ ချီဝဲအံ့ဖွယ်
အစိုင်နွယ်ထွန်း။ စွမ်းစွမ်းတဖန် တိုက်ခိုက်ပြန်သည်
သတင်းကျော်သီး။ မင်းသားကြီးဟု
ရွှီဘန်းသားကောင်း
ဇာနီဂေါင်းဆောင်။ အောင်ကျော်ဇံနှင့်
ဒေးဝန်းကြီးရို့ ။ တချို့ တခါ
ညှိုးငယ်မဟိ။ ကယ်တင်ဘိသည်
ရခိုင်လွတ်လပ်ပြန်တကား၊ ၊
ဦးညွှတ်ထိုက်တန်။ ဇာနီမွန်ရို့ 
သွီးဝိညာဉ်နှင့်။ အမှန်လုပ်ရပ်
မနှိုင်းအပ်အောင်။ ဘိုးထိုက်အနဂ
မြင့်မားလှ၏၊
ထိုအဇူအဇာ။ တိုင်းချစ်ပြည်ချစ်
ဇာနီစစ်များ။ ပြည်များဦးကင်း
မင်းထက်မင်းကို။ စစ်ခင်းဆိုင်òပင်
အနိုင်ယူဝံ့။ စွန့်လွှတ်စွန့်စား
ဂေါင်းဆောင်များကို။ ဦးညွှတ်ဝပ်စင်း
လေးစားခြင်းလျှင်။ မယွင်းသစ္စာ
အမိန့်မှာတမ်း။ လွမ်းဆွတ်ခြင်းနှင့်
ခံပြင်းဒေါသ
အမျိုးမာန
နိုးထကြလော့၊
မမိမလျှော့
ဿကးစားကြလော့၊
ဥဒါန်းမကျီ
ဤမြီသစ္စာ
ကျိမ်ဆိုပါအံ့။
ကျိမ်ဆိုအံ့
ကျိမ်ဆိုအံ့၊ ၊
နိဂုံး
နာလော့ပြည်သူ။ နှလုံးမူလော့
အိမ်တိုင်နွယ်ရစ်။ နှစ်ပေါင်းလေးဆယ်
ခြုံနွယ်ပိတ်ပေါင်း။ ချောင်းမြစ်ပိတ်ဆို့
ညို့ညို့ဆိုင်းဆိုင်း။ ရစ်ခွီသိုင်း၍
အရိုင်းမျက်ရှင်။ တောကြီးဝင်သို့
သမင်ကျားရဲ။ ကျွဲရိုင်းစိုင်ကောင်
အထောင်အသောင်း။ မီးကျောင်းရဲခြင်း
မြွှီ ကင်း မှက် သန်း။ တောခြုံဝန်း၍
ပြည်ပျက်မြို့ပျက်။ အနိန်ခက်သည်။
အမှောင်ခေတ်ဆိုး။ လူမျိုးပြုန်းတီး
ထီးထီးကျန်နိန်။ ဦးရေတွက်စစ်။ နှစ်သိန်းဖြစ်၏။
တခေတ်တခါ။ ပြည်ရွာအပ
ရပ်ခြားနိုင်ငံ။ အတန်တန်က
စုန်ဆန်ဝင်ထွက်။ အရွယ်အသီး
သင်္ဘောကြီးငယ်။ ၀ယ်ကုန်ရောင်းကုန်
ကုံလုံပြည့်ဝ။ တိုင်းဓညသည်။ ဖွဲခွံပြာစု
ထောင်းထုကြီမွ။ ပျက်ခရသည်။
အောက်သားဗမာလက်ချက်ကြောင့်၊ ၊
(ဦးစစ်နိုင် ရွီးဖွဲ့ သည်၊)
Title: We Shall Never Forget
Author: Lu Htwan Pha
About Author:
Date: 7/7/2007
Page Hits: 1677
Bookmark This Page: