0 comment(s) | | |
|
| | Send |
U U Tha Tun
2/8/2008
သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံကျပ်ကြီး မောရပဗ္ဗတာ သေလာကျောက် ဗြဟ္မာနတ်လူ ပူဇော်ကပ် စွယ်တော်လေးဆူ သွားတော်ပေါင်းမှ တိုင်းမြတ်အလယ် ပြည်ဓညမှာ ရာဇာသူရိယာ စန္ဒာမင်းမှာ လက်တော်စုံကို ထိပ်မှာမိုးလို့ ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပန်းကို ဓည၀တီ ဌာနီတိုင်းဟု မျိုးမြတ်ရက္ခာ စိုင်လာထွန်း ပြည်ဓညာ တေဇာထူး မင်းမြတ်ရာဇာ ကျော်သတင်းနှင့် ထီးအဆူဆူ ပိုင်ကာချုပ် ဥာဏ်မြတ်အမွန် ပညာဟိ ဦးမြ၀ါ ညွှန်ကာပြ များဗိုလ်ခြီ သျှင်လူပေါင်းရို့ ရန်အောင်ဇေယျာ ဘွဲ့မည်ပီး သျှစ်သောင်းသျှင်တော် ကျော်သတင်း မယိမ်းမယိုင် တည်ကာဟိ ခြောက်ပါးရောင်ခြည် ဖြိုးကြွယ်တောက် ဖီးမျိုးယှင်းကွာ ကင်းစင်ဘိ သကျဇိနံ ဥဒိဿကို တိုင်းသားပြည်သူ သျှင်လူပေါင်းရို့ ပူဇပူဇာ ဂါဝရ ဗုဒ္ဓအသျှင် ကိုယ်တော်မြတ် တိုင်းမြတ်အလယ် ပြည်ဓညမှာ ပွားများပြည့်စုံ ထပ်ကာလောင်း ကိုးဆယ့်ခြောက်ဖြာ နာမဟိ ရဟန်းသျှင်လူ ဝေနေယျ လေးရပ်ဝတီ မာစီကြောင်းကို မူလနဂိုရ် ပိုမယွင်း ရက္ခတိုင်းဘောင် ဓညာထွန်းက များပြည်သူ သျှင်လူအပေါင်း (သာဓု သာဓု သာဓု) မှတ်ချက်။ ။၁၉၅၆-၅၇ ခုနှစ် သျှစ်သောင်းဘုရားသံထီးတင်ရာတွင် သံထီးကို သင်္ဘောဆိပ်မှလာကြိုစဉ်ဆိုသော သံကျပ်ကြီး။ မြန်မာစစ်အစိုးရ၏အဆိပ်ခွံကျွေးလုပ်ကြံမှုကြောင့် စစ်တွေထောင်၌ကွယ်လွန်လားခရသော ဆရာကြီးဦးသာထွန်းကိုယ်တိုင် ရွီးစပ်စီကုံးသည်။
ဘဂ၀ါဇိန ရောက်သောခါ။
မြတ်စွာဗုဒ္ဓ ပြုံ့တော်မူ။
နီမောင်းညိုမြ ရောင်ခြောက်သွယ်။
ထိန်လင်းတောက်ပ ကူးယှက်လာ။
သဒ္ဓါပြင်းပြ ပီတိဟုန်။
ရှိခိုးဝန္ဒန လျှောက်လီခါ။
ဆင်မြန်းစုံမက် ဦးတင်ချီ။
သမိုင်းနာမ ဗျာဒိတ်ဟာ။
ကြငှန်းတည်ဆောက် စိုးစံလာ။
မြောက်ဦးရွှီနန်း ရောက်သောခါ။
မင်းဘာမင်းမြတ် စိုးတော်မူ။
ချွန်းနှယ်အုပ်လို့ ကတုတ်ခံ။
က၀ိနာမ မြတ်ဆရာ။
ဌာနသီရိ ဘုမ္မိမြီ။
ကောင်းမှုဒါန ပြုသောခါ။
ပုထိုးတော်ကြီး မြတ်မွီတော်။
ဇမ္ဗူသောင်းတွင်း ထွဋ်မဏ္ဍိုင်။
ဗုဒ္ဓာဓိပတိ ငါရို့ပြည်။
ထက်အောက်အနန္တ စက္က၀ါ။
မုနိဗုဒ္ဓ အာရဟံ။
ပူဇော်ရဟ ထီးတော်လှူ။
သောင်းသောင်းသာဓု ဟစ်အော်ကာ။
ဝန္ဒနာမ ဦးထက်တင်။
ထီးတော်ကပ်လို့ လွန်သပ္ပါယ်။
သဂါဝရ ကုသိုလ်ဟုန်။
အန္တရာယ်ပေါင်း ကင်းဝီးကွာ။
နတ်ရွာအတိ လွန်စည်ပင်။
များစွာသတ္တ အီးချမ်းစီ။
ကျမ်းဟောင်းမော်ကွန်း စာအဆို။
များလူခပင်း သိလီအောင်။
စာညွှန်းစီကုံး ပီးလိုက်တေ။
သောင်းသောင်းသာဓု ခေါ်ကတ်လီ။
Title: Thanjet for Crown Decoration of Shitethaung Pagoda
Author: U U Tha Tun
About Author:
Date: 2/8/2008
Page Hits: 1527
Bookmark This Page: